အမြဲလိုလို ကျွန်မတို့စားနေတဲ့ အစားအစာကို အချစ်တော် ခွေးလေးတွေကို လည်း ကျွေးလေ့ရှိပါတယ်။ တချို့ ခွေးလေးတွေဆိုရင် မွေးလာကတည်းက သခင်ကျွေးသမျှ အကုန်စားတာကြောင့် သူတို့ မစားတဲ့ အစားအစာဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့် တချို့ အစားအစားတွေကတော့ ခွေးလေးတွေရဲ့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

ဘယ် စပျစ်သီးအမျိုးအစားဘဲ ဖြစ်ဖြစ် သင့်ရဲ့ အချစ်တော်ခွေးလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။

grape-toxicity-in-dogs-1024x729

စပျစ်သီးတွေက ဆီးလမ်းကြောင်းနဲ့ ခွေးလေးတွေရဲ့ ကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ်။ အကယ်၍ စပျစ်သီး စားမိပြီး ဒီလက္ခဏာတွေရှိနေရင်

  • အော့အန်
  • ၀မ်းပျက်
  • ထမင်းစားချင်စိတ်မရှိ
  • အားအင်ကုန်ခမ်း
  • ၀မ်းဗိုက်နာ

aspirin-poisoning-in-dogs-554f6fcd8b1b5

  • ရေဓာတ်ကုန်ခန်း
  • ဆီးမသွားနိုင်
  • အသက်ရှူမမှန်
  • ကတုန်ကယင်ဖြစ်နေရင်

တိရစ္ဆာန်ဆေးခန်းကို ချက်ခြင်းသွားပြဖို့ လိုအပ်ပါတယ်။

Dogs-eating-apples

ခွေးလေးတွေကို ကျွေးလို့ရတဲ့ အသီးများ

  • ပန်းသီး
  • ငှက်ပျောသီး
  • ဘလူးဘယ်ရီ
  • သရက်သီး

how-can-dogs-eat-mango

  • လိမ္မော်သီး
  • သစ်တော်သီး
  • နာနတ်သီး
  • စတော်ဘယ်ရီ
  • ဖရဲသီး တို့ဖြစ်ပါတယ်။

maxresdefault