ရေနွေးထဲ သံပုယိုသီးစိမ်သောက်ပေးရင် ဝိတ်ကျတယ်လို့ လူတိုင်းလိုလို ကြားဖူးကြပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကျန်းမာရေးကောင်းကျိုးတွေ နောက်ထပ်အများကြီးရှိသေးတာကိုတော့ သိပ်သိမှာမဟုတ်လောက်သေးပါဘူး။

သံပုယိုသီးထဲ ပါဝင်တဲ့ဒြပ်ပေါင်းက ခန္ဓာကိုယ်ရှိ ရောဂါခုခံမှုစနစ်ကို အားဖြည့်ပေးပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးပါတယ်။

ရေနွေးသံပုယိုစိမ်ရည်ရဲ့ အာနိသင် အပြည့်အဝရရှိစေဖို့ ကိုယ်မသောက်ခင် သံပုယိုသီးကို အကွင်းလိုက်စိတ်ပြီး ရေနွေးထဲကို အနည်းဆုံး နာရီဝက်လောက် စိမ်ထားဖို့လိုပါတယ်။ မနက်ခင်းတိုင်း အိပ်ယာထတာနဲ့ ရေနွေးသံပုယိုစိမ်ရည်က အနေတော်အအေးခံ အဆင်သင့် ဖြစ်ဖို့တော့ လိုပါတယ်။အကယ်လို့ ရေနွေးနဲ့သောက်ရတာ အဆင်မပြေဘူးဆိုရင် သောက်နေကျ Green Tea ထဲသံပုယိုသီးထည့်သောက်လို့ရပါတယ်။

ရေနွေးသံပုယိုစိမ်ရည်သောက်ပေးခြင်းဖြင့် တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်စီဓာတ် ၂၀ ရာခိုင်နှုန်းကိုရရှိမှာဖြစ်ပါတယ်။အရောင်စိတ္တဗေဒပညာအရ အဝါရောင်သံပုယိုသီးနဲ့ နေ့တစ်နေ့တာကို စပေးခြင်းဖြင့် အကောင်းမြင်စိတ်ကိုတိုးစေပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ အထောက်အကူပြုတာမို့ စိတ်ကြည်လင်လန်းဆန်းစေပါတယ်။

ဒါဆို ဝိတ်ကျဖို့အတွက်ချည်း မဟုတ်ပဲ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးပေးနိုင်တဲ့ ရေနွေးသံပုယိုစိမ်ရည်ကို ဒီနေ့ကစပြီးသောက်သုံးကြစို့။