[Unicode]

ခံတွင်းမှာ အနံ့ဆိုးတွေထွက်နေရင် လူကြားထဲမှာ စကားပြောရတာကအစ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးခြင်းကို သက်သာပျောက်ကင်းစေမယ့်နည်းလမ်းလေးကို ဝေမျှချင်ပါတယ်။

Parsley-Fights-Bad-Breath

ခံတွင်းအနံ့ဆိုးခြင်းကို သက်သာ

ခံတွင်းအနံ့ဆိုးတာက ခံတွင်းထဲမှ ဘက်တီးရီးယား ပိုးမွှားတွေရှိနေတာကြောင့် ဖြစ်ပါတယ်။ စားကြွင်းစားကျန်တွေကနေတစ်ဆင့် ဘက်တီးရီးယား ပိုးမွှားတွေ ပေါက်ပွားလေ့ရှိပါတယ်။ နံနံပင် (တရုတ်နံနံဖြစ်ဖြစ် ဗမာနံနံပင်ဖြစ်ဖြစ်) ကို ပါးစပ်ထဲထည့်ပြီး ဝါးပေးရင် ဘက်တီးရီးယား ပိုးမွှားတွေကိုသေစေပြီး ပါးစပ်ကိုလည်းသန့်စေပါတယ်။

Ayurveda-Digestion-968x627

အစာခြေစနစ်ကို ကူညီပေး

နံနံပင်မှာ ရေဓာတ်ပါဝင်မှုနဲ့ အမျှင်ဓာတ်ပါဝင်မှု များတာကြောင့် ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် နံနံပင်ကို ဟင်းလျာထဲမှာထည့်ပြီး စားသုံးပေးရင် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပေး

နံနံပင်မှာ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးမှုနဲ့စိတ်ဂနာမငြိမ်မှုကို လျှော့ချပေးနိုင်ပါတယ်။ ညမအိပ်ခင် နံနံပင် အနည်းငယ်စားပေးရင် ကောင်းမွန်စွာအိပ်ပျော်ဖို့ကို ကူညီပေးပါတယ်။

weight-loss-questions

ကိုယ်အလေးချိန် လျှော့ချပေး

နံနံပင် တစ်ချောင်းမှာ ကယ်လိုရီ ၁၅ ဘဲပါဝင်ပြီး အမျှင်ဓာတ်တွေပါဝင်ပါတယ်။ နံနံပင်စားထားရင် ဗိုက်က ပြည့်နေပြီး အစားအများကြီး မစားအောင် ကူညီပေးမှာပါ။

highbloodpressure-1024x685

သွေးပေါင်ချိန်ကို ထိန်းသိမ်းပေး

နံနံပင်မှာ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးပါတယ်။ နံနံပင်ထဲမှာပါဝင်တဲ့ Phthalates ဓာတ်က သွေးလွှတ်ကြောက ကြွက်သားတွေကို ပျော့ပြောင်းစေပြီး သွေးဖိအားကို လျှော့ချပေးတာကြောင့် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

[Zawgyi]

ခံတြင္းမွာ အနံ႔ဆုိးေတြထြက္ေနရင္ လူၾကားထဲမွာ စကားေျပာရတာကအစ စိတ္အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ခံတြင္းအနံ႔ဆိုးျခင္းကို သက္သာေပ်ာက္ကင္းေစမယ့္နည္းလမ္းေလးကို ေ၀မွ်ခ်င္ပါတယ္။

Parsley-Fights-Bad-Breath

ခံတြင္းအနံ႔ဆိုးျခင္းကို သက္သာ

ခံတြင္းအနံ႔ဆိုးတာက ခံတြင္းထဲမွ ဘက္တီးရီးယား ပိုးမႊားေတြရွိေနတာေၾကာင့္ ျဖစ္ပါတယ္။ စားၾကြင္းစားက်န္ေတြကေနတစ္ဆင့္ ဘက္တီးရီးယား ပိုးမႊားေတြ ေပါက္ပြားေလ့ရွိပါတယ္။ နံနံပင္ (တရုတ္နံနံျဖစ္ျဖစ္ ဗမာနံနံပင္ျဖစ္ျဖစ္) ကို ပါးစပ္ထဲထည့္ၿပီး ၀ါးေပးရင္ ဘက္တီးရီးယား ပိုးမႊားေတြကိုေသေစၿပီး ပါးစပ္ကိုလည္းသန္႔ေစပါတယ္။

Ayurveda-Digestion-968x627

အစာေျခစနစ္ကို ကူညီေပး

နံနံပင္မွာ ေရဓာတ္ပါ၀င္မႈနဲ႔ အမွ်င္ဓာတ္ပါ၀င္မႈ မ်ားတာေၾကာင့္ ၀မ္းခ်ဳပ္ျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ နံနံပင္ကို ဟင္းလ်ာထဲမွာထည့္ၿပီး စားသံုးေပးရင္ အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး ၀မ္းခ်ဳပ္ျခင္းကိုလည္းကာကြယ္ေပးပါတယ္။

စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပး

နံနံပင္မွာ မဂၢနီဆီယမ္ဓာတ္ပါ၀င္တာေၾကာင့္ အာရုံေၾကာစနစ္ကို သက္ေတာင့္သက္သာျဖစ္ေစၿပီး စိတ္ဖိစီးမႈနဲ႔စိတ္ဂနာမၿငိမ္မႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ညမအိပ္ခင္ နံနံပင္ အနည္းငယ္စားေပးရင္ ေကာင္းမြန္စြာအိပ္ေပ်ာ္ဖို႔ကို ကူညီေပးပါတယ္။

weight-loss-questions

ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ေပး

နံနံပင္ တစ္ေခ်ာင္းမွာ ကယ္လိုရီ ၁၅ ဘဲပါ၀င္ၿပီး အမွ်င္ဓာတ္ေတြပါ၀င္ပါတယ္။ နံနံပင္စားထားရင္ ဗိုက္က ျပည့္ေနၿပီး အစားအမ်ားႀကီး မစားေအာင္ ကူညီေပးမွာပါ။

highbloodpressure-1024x685

ေသြးေပါင္ခ်ိန္ကို ထိန္းသိမ္းေပး

နံနံပင္မွာ ပိုတက္ဆီယမ္ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္တာေၾကာင့္ ေသြးဖိအားကို ထိန္းညွိေပးပါတယ္။ နံနံပင္ထဲမွာပါ၀င္တဲ့ Phthalates ဓာတ္က ေသြးလႊတ္ေၾကာက ၾကြက္သားေတြကို ေပ်ာ့ေျပာင္းေစၿပီး ေသြးဖိအားကို ေလွ်ာ့ခ်ေပးတာေၾကာင့္ ေသြးတိုးေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။