အမေရိကန်ဒေါ်လာ ၁ သန်းတန်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Wedding ကိတ်ကို ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ကိတ်မုန့်ကို ဖန်တီးသူ Debbie Wingham က ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။

Wedding ကိတ်ကို သတို့သမီးတစ်ယောက်ပုံစံ ပြုလုပ်ထားပြီး သူ့အရပ်က ၅ ပေ ၉ လက်မရှိပါတယ်။

ဒီလို သတို့သမီးပုံစံ Wedding ကိတ်ကို လုပ်ဆောင်ဖို့အတွက် ကြက်ဥပေါင်း ၁ထောင်ကျော် နဲ့ ချောကလက် အလေးချိန် ၄၄ ပေါင်သုံးခဲ့ရပါတယ်။

သတို့သမီးပုံစံ ကိတ်မုန့်ကြီးအားလုံးက စားသုံးလို့ရပါတယ်။ ကိတ်မုန့်ရဲ့ စုစုပေါင်း အလေးချိန် ၁၁၀ ပေါင် ရှိပါတယ်။

အင်္ကျီမှာလည်း ပန်းပွင့်လေးတွေ ပုလဲလေးတွေကို တကယ့်အင်္ကျီအစစ်အတိုင်း လက်နဲ့သေချာပြုလုပ်ထားပါတယ်။

ပန်းတွေစုစုပေါင်း ၅ ထောင်ကျော်နဲ့ လုပ်ထားတာဖြစ်ပြီး အခုလို အလှဆင်ဖို့ ၁၀ ရက်လောက်ကြာတတ်ပါတယ်။

အဲ့ဒီအပြင် ၃ ကာရက်လောက်ရှိတဲ့ စိန်ကို သတို့သမီးရဲ့ ခေါင်းရုံမှာတပ်ထားပြီး အဲ့ဒီစိန်တန်ဖိုးနဲ့ ကိတ်မုန့်မှာအလှဆင်ထားတဲ့ ပုလဲတန်ဖိုးတွေပါပါဝင်မယ်ဆိုရင် ကိတ်မုန့်တစ်ခုလုံး အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက်တန်ဖိုးရှိပါတယ်။