[Unicode]

စွံပလွံသီးဟာ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ ကမ္ဘာ့နံ့ပါတ် ၁ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး လေဖြတ်တာ၊ ကိုလက်စထရောများတာ၊ သွေးဖိအားများတာကိုလည်းသက်သာစေပါတယ်။

Medjool-dates-010

ဇီဝစနစ်ကိုမြင့်တင်ပေးနိုင်သလို၊ အစာချေစနစ်ကိုလည်းကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပါတယ်။ စွံပလွံသီးရဲ့ အဓိကကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုလက်စထရောပါဝင်မှုကိုထိန်းချုပ်ပေးခြင်း

စွံပလွံသီးဟာ သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုကိုလျှော့ချပေးနိုင်ပါတယ်။ သွေးခဲတာကိုလည်းကာကွယ်ပေးနိုင်ပြီး သွေးကြောကိုသန့်စဉ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချပေးနိုင်ခြင်း

you-might-lose-some-weight

မနက်ခင်းစောစော ဘာမှမစားရသေးခင် စွံပလွံသီးကို စားပေးတာဟာ ခန္ဓာကိုယ်အတွင်းကအဆီတွေကိုလောင်ကျွမ်းစေပါတယ်။ ကိုလက်စထရောပါဝင်မှုမရှိပေမယ် သကြားပါဝင်မှုများတာကြောင့် အကန့်အသတ်နဲ့ စားပေးသင့်ပါတယ်။

ဝမ်းလျှောခြင်းကို ကာကွယ်ပေးခြင်း

diarrhea-during-pregnancy

စွံပလွံသီးမှာ ပိုတက်ဆီယမ်နဲ့ တခြားသတ္တုဓါတ်တွေပါဝင်ပြီး ဝမ်းလျှောခြင်းကနေကာကွယ်ပေးပါတယ်။ ဒါ့အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ဝမ်းချုပ်ခြင်းကို တားဆီးပေးခြင်း

ဝမ်းလျှောတာကိုမဖြစ်စေသလို ဝမ်းချုပ်မှာလည်း စိတ်ပူစရာမလိုပါဘူး။ စွံပလွံသီးကို ရေနဲ့ တညလုံးစိမ်ထားပြီး မနက်ခင်းမှာ အသီးကိုစားပေးပါ။ အစာချေစနစ်နဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

နှလုံးကို အားကောင်းစေခြင်း

High resolution man drawing chart heartbeat

စွံပလွံသီးကို ရေနဲ့ တစ်ညလုံးစိမ်ထားပါ။ မနက်ပိုင်းမှာ ရေကိုဆစ်ချပါ။ အစေ့ကိုဖယ်ပြီးစားပါ။ နှလုံးကျန်းမာရေးကို အားကောင်းစေပါတယ်။

လေဖြတ်မှုကိုကာကွယ်ပေးခြင်း

စွံပလွံသီးမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်လို့ လေဖြတ်မှုကိုကာကွယ်ပေးပါတယ်။ အာရုံကြောစနစ်ကိုလည်းအားကောင်းစေပါတယ်။ နှလုံးရောဂါကိုကာကွယ်ပေးဖို့နဲ့ လေဖြတ်မှုမဖြစ်စေဖို့ စွံပလွံသီး တစ်နေ့ ၄၀၀ မီလီဂရမ် (mg)ကို စားပေးပါ။

သံဓါတ်မြင့်မားစွာပါဝင်ခြင်း

dattes

စွံပလွံသီးမှာ သံဓါတ်မြင့်မာစွာပါဝင်လို့ ကလေးငယ်တွေအတွက်ရော ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ရော သွေးအားနည်းတဲ့သူတွေအတွက်ရော ကောင်းမွန်ပါတယ်။

ဒါ့ကြောင့် စွံပလွံသီးကို တွေ့တဲ့အခါမှာ စားဖြစ်အောင်ဝယ်စားလိုက်ပါနော်။

[Zawgyi]

စြံပလြံသီးဟာ ႏွလံုးေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္တဲ့ ကမၻာ့နံ႔ပါတ္ ၁ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး ေလျဖတ္တာ၊ ကိုလက္စထေရာမ်ားတာ၊ ေသြးဖိအားမ်ားတာကိုလည္းသက္သာေစပါတယ္။

Medjool-dates-010

ဇီ၀စနစ္ကိုျမင့္တင္ေပးႏိုင္သလို၊ အစာေခ်စနစ္ကိုလည္းေကာင္းမြန္ေစၿပီး ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ စြံပလြံသီးရဲ႕ အဓိကက်န္းမာေရးအက်ိဳးေက်းဇူးေတြကို မွ်ေ၀ေပးလိုက္ပါတယ္။

ကိုလက္စထေရာပါ၀င္မႈကိုထိန္းခ်ဳပ္ေပးျခင္း

စြံပလြံသီးဟာ ေသြးတြင္းမွာရွိတဲ့ မေကာင္းတဲ့ကိုလက္စထေရာပါ၀င္မႈကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ေသြးခဲတာကိုလည္းကာကြယ္ေပးႏိုင္ၿပီး ေသြးေၾကာကိုသန္႔စဥ္ေပးႏိုင္ပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးႏိုင္ျခင္း

you-might-lose-some-weight

မနက္ခင္းေစာေစာ ဘာမွမစားရေသးခင္ စံြပလြံသီးကို စားေပးတာဟာ ခႏၶာကိုယ္အတြင္းကအဆီေတြကိုေလာင္ကၽြမ္းေစပါတယ္။ ကိုလက္စထေရာပါ၀င္မႈမရွိေပမယ္ သၾကားပါ၀င္မႈမ်ားတာေၾကာင့္ အကန္႔အသတ္နဲ႔ စားေပးသင့္ပါတယ္။

၀မ္းေလွ်ာျခင္းကို ကာကြယ္ေပးျခင္း

diarrhea-during-pregnancy

စြံပလြံသီးမွာ ပိုတက္ဆီယမ္နဲ႔ တျခားသတၱဳဓါတ္ေတြပါ၀င္ၿပီး ၀မ္းေလွ်ာျခင္းကေနကာကြယ္ေပးပါတယ္။ ဒါ့အျပင္ အစာေခ်စနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။

၀မ္းခ်ဳပ္ျခင္းကို တားဆီးေပးျခင္း

၀မ္းေလွ်ာတာကိုမျဖစ္ေစသလို ၀မ္းခ်ဳပ္မွာလည္း စိတ္ပူစရာမလိုပါဘူး။ စြံပလြံသီးကို ေရနဲ႔ တညလံုးစိမ္ထားၿပီး မနက္ခင္းမွာ အသီးကိုစားေပးပါ။ အစာေခ်စနစ္နဲ႔ပတ္သတ္တဲ့ ျပႆနာေတြကို ေျဖရွင္းေပးႏိုင္ပါတယ္။

ႏွလံုးကို အားေကာင္းေစျခင္း

High resolution man drawing chart heartbeat

စြံပလြံသီးကို ေရနဲ႔ တစ္ညလံုးစိမ္ထားပါ။ မနက္ပိုင္းမွာ ေရကိုဆစ္ခ်ပါ။ အေစ့ကိုဖယ္ၿပီးစားပါ။ ႏွလံုးက်န္းမာေရးကို အားေကာင္းေစပါတယ္။

ေလျဖတ္မႈကိုကာကြယ္ေပးျခင္း

စြံပလြံသီးမွာ ပိုတက္ဆီယမ္ဓါတ္ၾကြယ္၀စြာပါ၀င္လို႔ ေလျဖတ္မႈကိုကာကြယ္ေပးပါတယ္။ အာရံုေၾကာစနစ္ကိုလည္းအားေကာင္းေစပါတယ္။ ႏွလံုးေရာဂါကိုကာကြယ္ေပးဖို႔နဲ႔ ေလျဖတ္မႈမျဖစ္ေစဖို႔ စြံပလြံသီး တစ္ေန႔ ၄၀၀ မီလီဂရမ္ (mg)ကို စားေပးပါ။

သံဓါတ္ျမင့္မားစြာပါ၀င္ျခင္း

dattes

စြံပလြံသီးမွာ သံဓါတ္ျမင့္မာစြာပါ၀င္လို႔ ကေလးငယ္ေတြအတြက္ေရာ ကိုယ္၀န္ေဆာင္မိခင္ေတြအတြက္ေရာ ေသြးအားနည္းတဲ့သူေတြအတြက္ေရာ ေကာင္းမြန္ပါတယ္။

ဒါ့ေၾကာင့္ စြံပလြံသီးကို ေတြ႔တဲ့အခါမွာ စားျဖစ္ေအာင္၀ယ္စားလိုက္ပါေနာ္။