ချောမွတ်ပြီး အပြစ်အနာဆာမရှိတဲ့ အသားအရေမျိုး လိုချင်ကြတာ လူ့ သဘာဝပါပဲ။ ဒါပေမယ့်လည်း မျက်နှာပေါ်မှာရှိနေတဲ့ အမည်းစက်တွေ အဖုအပိတ်တွေကြောင့်လည်း အဲဒီလိုအသားအရေမျိုးရဖို့ကလည်း ခပ်ခက်ခက်မလား။ နေရောင်ချည်ထိတွေ့မှုများတာ ဓါတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်းသုံးတာတွေကြောင့်လည်း အသားအရေ ပိုလို့ ပျက်ဆီးလာပါတယ်။

ဒါပေမဲ့ စိုးရိမ်စရာမလိုတော့ပါဘူး။ ရိုးရှင်းလွယ်ကူပြီး သဘာဝနည်းလမ်းလေးနဲ့ ပြစ်မျိုးမှဲ့မထင် အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။

home-remedies-for-get-flawless-skin

ပါဝင်ပစ္စည်း

နို့ မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

Glycerin (အသားအရေ စိုပြေစေတဲ့ အလှဆီ) ၃ စက်

ဟိုက်ဒရိုဂျင် ပါအောက်ဆိုက် (Hydrogen Peroxide) အရည် ၄ စက်

သံပုသီး ၁ လုံး (အရည်ညှစ်ပါ)

102612-409x293-lemonjuicec2bb7d09b4905108475b302576f0c0e0

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်လုံးထဲထည့်ပြီး ရောလိုက်ပါ။ အဲဒီနောက် ၅ မိနစ်ေလောက် ဒီအတိုင်းထားပြီးမှ မျက်နှာပေါ်မှာ လိမ်းပါ။ မလိမ်းခင်မှာ မျက်နှာသေချာသစ်ပြီး တဘက်နဲ့ သုတ်ပေးပါ။ အဲဒီနောက် စောစောက ဖျော်ထားတဲ့ ခရမ်ကို လိမ်းပြီး အိပ်ယာဝင်ပါ။ မနက်မိုးလင်းလာရင် ရေအေးနဲ့ မျက်နှာသစ်ချပါ။ ဒီနည်းလမ်းအတိုင်း ၁ ပတ်လောက် နေ့တိုင်းလုပ်ပေးပါ။

မျက်နှာပေါ်မှာ အမည်းစက်တွေ ဖြစ်တာကနေ ကာကွယ်ချင်ရင်တော့ နေ့လည် ၁၁ နာရီကနေ ၃ နာရီကြား နေရောင်ထဲသွားလာခြင်းမပြုပါနဲ့။ ဒါ့အပြင် နေရောင်ချည်ကာကွယ်ပေးတဲ့ UV များများပါတဲ့ ခရင်မ်ကို လိမ်းပါ။

hydrogen-peroxideqwa-noglycerinduringcoldweather