အပြင်ဘက်မှာ အရမ်းပူနေရင် စားသောက်မယ့် အစားအစာတွေကိုလည်း သတိထားသင့်ပါတယ်။

အရမ်းပူနေရင် ဒီလို အစားအစာတွေကို သတိထားသင့်ပါတယ်။

ကာဗွန်ဟိုက်ဒရိတ်

အရမ်းပူနေရင် ကာဗွန်ဟိုက်ဒရီတ်ပါတဲ့ အစားအစာတွေကို လျော့စားပါ။ ထမင်း၊ ပေါင်မုန့်စတဲ့ အစားအစာတွေကို လျော့စားပါ။ ရာသီဥတုပူနေရင် ကစီဓာတ်တွေက ခန္ဓာကိုယ်ထဲမှာ ပြည့်နေပြီး ထပ်စားရင် ခေါင်းမူးပြီး မအီမလည်ဖြစ်တတ်ပါတယ်။

အပူလှိုင်းဖြတ်ရင် ပေါ့ပေါ့ပါးပါး အစားအစာတွေဖြစ်တဲ့ ရေဓာတ်ပါဝင်မှုများတဲ့ ဆလပ်ရွက်၊ ဟင်းသီးဟင်းရွက်တို့ကိုဘဲ စားသုံးသင့်ပါတယ်။

တိရစ္ဆာန်ကနေထွက်တဲ့ အစားအစာများ

အပူချိန်မြင့်မားချိန်မှာ တိရစ္ဆာန်ကနေ ထွက်တဲ့ အစားအစာများ ဥပမာ နွားနို့တို့ဆိုရင် အလွယ်တကူ မကောင်းတော့ပါဘူး။ ဒါ့ကြောင့် သတိထားစားဖို့လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ အရည်ဓာတ်ပါတဲ့ အသီးအနှံတွေ၊ အာလူးတို့ကို စားပေးသင့်ပါတယ်။ အရွက်တွေဟာ ဝမ်းဗိုက်ကို ဝစေပါတယ်။