ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကမ္ဘာပေါ်မှာ သေဆုံးမှုများရဲ့ ၃ ပုံ ၁ ပုံက နှလုံးရောဂါနဲ့ ဆက်စပ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

ငါးကြီးဆီမှာ  Omega-3 နဲ့ Omega- 6 တို့ပါဝင်တာကြောင့် နှလုံးကို ကျန်းမာစေပါတယ်။

နှလုံးရောဂါဖြစ်ပွားနိုင်ချေ လျော့ကျနိုင်

ငါးကြီးဆီက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုလက်စထရောကို ထိန်းညှိပေးတာကြောင့် သွေးကြောအတွင်း အနယ်ကျတာကို လည်း လျော့ချပေးပါတယ်။ Omega-3 နဲ့ Omega- 6 တို့က သွေးကြောအတွင်းက အနယ်တွေကို လျော့ချပေးပါတယ်။

ဒါ့ကြောင့် နှလုံး ရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။

စဉ်းစားမှုတွေ ပိုမို မြန်ဆန်လာ

Omega-3 မှာ DHA (docosahexaenoic acid) ပါဝင်တာကြောင့် ဆဲလ် အမြှေးပါးတွေကို ကျန်းမာရေးစေပြီး အာရုံကြောဆဲလ်တွေကို ခိုင်မာစေပါတယ်။ ဒါ့ကြောင့် အယ်ဇိုင်းမားရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း နှိုးဆွပေးပြီး ဦးနှောက်အလုပ်လုပ်မှုကိုလည်း မြန်ဆန်စေပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး

ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 က ခန္ဓာကိုယ်ထဲမှာ Prostaglandins ဓာတ် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

စိတ်ဖိစီးမှုကို ပိုခံနိုင်လာ

ငါးကြီးဆီမှာပါဝင်တဲ့ Polyunsaturated အက်ဆစ်က Serotonin ဓာတ်ကို ပိုပြီး တိုးကာ ထုတ်လုပ်ပေးပါတယ်။

Serotonin ဓာတ်က စိတ်ဖိစီးမှုကို ပိုခံနိုင်အောင် လုပ်ပေးပါတယ်။

အသားအရေ အတွက်လည်းကောင်း

ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 က ခန္ဓာကိုယ်ထဲမှာ Collagen တွေပိုများအောင် သိမ်းဆည်းနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ အသက်အရွယ်နဲ့ စိတ်ဖိစီးမှုကြောင့် Collagen ဓာတ်တွေ နည်းလာပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။