မင်္ဂလာပါနော်။ ပျားရည်က ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ အားလုံးလည်းသိကြပါတယ်။ ပျားရည်ကို နေ့စဉ် စားပွဲတင်ဇွန်း ၁ ဇွန်းလောက် စားပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာ ကြည့်လိုက်ရအောင်။

အသားအရေ ကြည်လင်လာမယ်

ပျားရည်မှာ Antioxidant ကြွယ်ဝစွာပါဝင်ပြီး ပုံမှန်စားပေးခြင်းဖြင့်အဆိပ်အတောက်တွေ ကင်းစင်ကာ အသားအရေကို ကြည်လင်လာစေမှာပါ။

ကိုယ်အလေးချိန်လျှော့ချပေးခြင်း

သင့်ခန္ဓာကိုယ်ရဲ့ ကိုယ်အလေးချိန်ကို လျှော့ချပေးပါ။ သကြားကို လုံးဝမစားတော့ဘဲ ပျားရည်ကို ပြောင်းစားပေးခြင်းဖြင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်စေမှာပါ။

ကိုလက်ထရော ပါမာဏလျှော့နည်းသွားမယ်

သင့်ခန္ဓာကိုယ်အတွင်း မကောင်းတဲ့ ကိုလက်စထရော ပမာဏလျှော့နည်းသွားပြီး သင့်ကို ကျန်းမာစေမှာပါ။

နှလုံးကို ကျန်းမာစေတယ်

ပျားရည်ကို နေ့စဉ်စားပေးခြင်းဖြင့် သွေးကြော ကျဉ်းခြင်းကို ကာကွယ်ပေးနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ရေ တစ်ခွက်နဲ့ ပျားရည်နည်းနည်းရောပြီး နေ့စဉ်သောက်ပေးရင် နှလုံးကို ကျန်းမာစေပါတယ်။

မှတ်ဉာဏ်ပိုကောင်းလာမယ်

ခဏခဏ မေ့တတ်လား။ ဒါဆိုရင်တော့ ပျားရည်ကို အခုပဲသောက်တော့နော်။ ပျားရည်က စိတ်ဖိစီးမှုကို လျှော့ချပေးပြီး မှတ်ဉာဏ်ကိုကောင်းစေပါတယ်။

အိပ်ရေးဝစေမယ်

ပျားရည်က ခန္ဓာကိုယအတွင်း အင်ဆူလင် ပမာဏကို တိုးလာစေတာကြောင့် သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေပြီး အိပ်ရေးဝစေမှာပါ။

အစာအိမ်လည်းကျန်းမာလာမယ်

ပျားရည်ကို ဗိုက်ထဲမှာ အစာမရှိခင် တစ်ဇွန်းလောက် သောက်ပေးခြင်းဖြင့် အစာအိမ်ကို သန့်ရှင်းကျန်းမာစေပါတယ်။

အာရုံကြောစနစ်ကို ကောင်းမွန်စေခြင်း

ပျားရည်ဟာ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး စိုးရိမ်ပူပန်မှုကို လျှော့ချပေးပါတယ်။

ပျားရည်ကို ဒီလိုလည်းသောက်နိုင်ပါတယ်

ပျားရည်ကို ဒီအတိုင်း သီးသန့်သောက်လို့ရသလို ပျားရည် တစ်ခွက်၊ ကြက်သွန်ဖြူ ဥ ၃ ၊ ၄ ဥ ကိုပါးပါးလှီး ရောပြီး အလုံပိတ်ဘူးထဲထည့်ထားကာ သောက်သုံးနိုင်ပါတယ်။