အသားအရေတွေ ပိုကြည်လင်လာ

ပျားရည်မှာ Antioxidants တွေအများကြီးပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ပိုကြည်လင်လာစေပါတယ်။

အဆီပိုတွေလျော့ကျ

ဝမ်းဗိုက်က အဆီတွေကို ကျစေမယ့် Detox Water

ပျားရည်က ကိုယ်အလေးချိန် ကျဆင်းအောင်ကူညီပေးနိုင်ပါတယ်။ ပျားရည်ထဲမှာပါဝင်တဲ့ သကြားဓာတ်က သကြားလုံးတို့ အသင့်စားအစားအစာတွေထဲမှာမြင်နေရတဲ့ သကြားလိုမဟုတ်ပါဘူး။

အဲ့ဒီအပြင် ဇီဝကမ္မဖြစ်စဉ်ကိုမြန်အောင်ကူညီပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။

ကိုလက်စထရောအဆင့်ကို ထိန်းညှိပေးနိုင်

ပျားရည်က ကိုလက်စထရောတွေကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ပျားရည်မှာပါဝင်တဲ့ ဗီတာမင်ဓာတ်နဲ့ Micro-Elements တွေက မကောင်းတဲ့ကိုလက်စထရောကိုလည်း လျော့နည်းစေပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းမွန်

နှလုံးရောဂါကို ကာကွယ်ပေးမယ့် အစားအစာများ

ပျားရည်မှာပါဝင်တဲ့ Antioxidants တွေက သွေးလွှတ်ကြောထဲက အနယ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သွေးလွှတ်ကြောတွေအနယ်တွေကျလာပြီး ကျဉ်းလာရင် နှလုံးထိခိုက်နိုင်ပါတယ်။

ဒါ့ကြောင့် ပျားရည်တစ်ဇွန်းကို ရေတစ်ခွက်နဲ့ နေ့စဉ်သောက်သင့်ပါတယ်။

မှတ်ဉာဏ်ကောင်းလာ

ပျားရည်က စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်တဲ့ Antioxidants တွေပါဝင်ပါတယ်။ အဲ့ဒီအပြင် ကယ်ဆီယမ်ဓာတ်လည်းပါဝင်တာကြောင့် ကယ်ဆီယမ်ဓာတ်က ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။