အားလုံးပဲမင်္ဂလာပါရှင်။ သင်္ကြန်ရယ်လို့ပြောလိုက်ရင် သင်္ကြန်စားစရာတွေဖြစ်တဲ့ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းတို့ကို စတုဒီတာ ကျွေးလေ့ရှိပါတယ်။

ကိုယ်တိုင်ကလည်း စတုဒီတာကျွေးချင်တယ်။ ဒါမှမဟုတ် မိသားစုနဲ့အတူ လုပ်စားချင်တယ်ဆိုရင်လည်း လုပ်စားလို့ရပါတယ်နော်။

ပါဝင်ပစ္စည်း

  • မုန့်လက်ဆောင်းဖတ် – ၁ ပြည်
  • အုန်းသီး – ၁လုံး
  • နံ့သာပုဆီ – အနည်းငယ်
  • ထန်းလျက် – (၅၀) ကျပ်သား
  • ဆား – အနည်းငယ်
  • ရေ – နို့ဆီဘူး ၁၀ ဘူး

အုန်းနို့အတွက်

  • အုန်းသီး – ၆ (သို့) ၇ လုံး
  • သကြား – ၅၀ ကျပ်သားခန့်
  • ဆား – အနည်းငယ်
  • ရေခဲ

ပြုလုပ်နည်း

အရင်ဆုံး ထန်းလျက်ကို ရေ နို့ဆီဘူး (၁၀) ဘူးနဲ့ ဆားနည်းနည်းထည့်ပြီးကျိုထားပါ။အအေးခံထားပါ။

အုန်းဆီကို ခြစ်ထားရပါမယ်။

ထန်းလျက်ရည်အေးသွားရင် မုန့်လက်ဆောင်းဖတ် နည်းနည်းထည့်ပြီး ရေခဲထည့်ပါ။ အုန်းဆီသီဖတ်တွေဖြူးပြီး နံ့သာဆီ တစ်စက်၊ နှစ်စက် ထည့်ကာသုံးဆောင်နိုင်ပါတယ်နော်။

အုန်းနို့

 

တချိုု့က မုန့်လက်ဆောင်းကို အုန်းနို့လေးထည့်ပြီးသောက်ကြပါတယ်။

အုန်းသီးတွေကိုခြစ်ပြီးတော့ အရည်ညှစ်ထားပါ။ သကြား ရယ်၊ ရေရယ် ဆားရယ်ထည့်ပြီးကျိုထားလိုက်ပါ။

မုန့်လက်ဆောင်းဖတ်ထည့် သကြားရည်၊ အုန်းနို့ရည် ရောစပ်ပြီး ရေခဲတုံးလေးတွေနဲ့ သုံးဆောင်လို့ရပါတယ်။

By: MyFood Myanmar