လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ကမ္ဘာအနှံ့မှာ အသုံးပြုခဲ့တဲ့ဆေးနည်းပါ။ ဒီဆေးဖော်ဆပ်နည်းက ကျွန်မတို့ မြန်မာလူမျိုးတွေအတွက် သိပ်အခက်ကြီးမဟုတ်လှပါဘူး။ မိမိအိမ်က မီးဖိုချောင်တိုင်းမှာရှိနေတဲ့ ပစ္စည်းလေးတွေကိုပဲအသုံးပြုရမှာ။

ဒီပါဝင်ပစ္စည်းတွေကို ကျွန်မတို့ မကြာခဏစားသုံးပေးလေ့ရှိကြပြီး အဖိုးနည်းပေမယ့် ကျွန်မတို့ သတိမထားမိတဲ့ ကောင်းကျိုးတွေ အများအပြားရှိနေပါတယ်။ အထွေအထူးတော့မဟုတ်ပါဘူး။ ငရုတ်ကောင်း သံလွင်ဆီနဲ့ နနွင်းဖြစ်ပါတယ်။ ဒီအစားအစာတွေကို နေ့စဉ်စားသုံးပေးတာဟာ ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို တခြား ရောဂါဆိုးတွေကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ဒီသဘာဝပါဝင်ပစ္စည်းတွေရောစပ်ပြီး သက်ရှည်ကျန်းမာစေမဲ့ ဆေးဖော်စပ်နည်းကို မျှဝေပေးသွားပါမယ်။

ပါဝင်ပစ္စည်း

  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁/၂
  • နနွင်း လက်ဖက်ရည်ဇွန်း ၁/၂

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကိုသေချာအောင် ရောမွှေလိုက်ပါ။ အဲဒီအရည်ကို စားသုံးပေးပါ။ ဒါမှမဟုတ် ဟင်းရည်၊ စွပ်ပြုတ်တို့မှာ ထည့်ပြီးသောက်နိုင်ပါတယ်။ တခုသတိထားရမှာက အဲဒီအရည်ကို ပွက်ပွက်ဆူနေတဲ့ရေ ဒါမှမဟုတ် ဟင်းချိုထဲမှာ မထည့်ရပါဘူး။

ဒီကုထုံးဆေးက ဘေးထွက်ဆိုးကျိုးမရှိလို့ နေ့စဉ် သင်ကြိုက်သလို စားသုံးပေးနိုင်ပါတယ်။