ကိုယ်အလေးချိန် လျှော့ချဖို့က အချိန်ပေးဖို့လိုသလို စိတ်ရှည်ရပါတယ်။ ဒါ့ကြောင့်လည်း လူတွေက နောက်ဆုံးပန်းတိုင်ထိမရောက်နိုင်ကြသလို ရလဒ်တွေအပေါ်မှာလည်း စိတ်ကျေနပ်မှုမရှိကြပါဘူး။ ခေတ်ပေါ် အဆီကျဆေးတွေကလည်း ဈေးကြီးပေးဝယ်ရပြီး ဘေးထွက်ဆိုးကျိုးရှိလို့ စိတ်မချရပြန်ပါဘူး။ ဒါဆိုဘယ်လိုလုပ်ကြမလဲ။

teaserbox_4096548147-jpg

မထူးတော့ပါဘူးဆိုပြီး ကျွန်မတို့ရဲ့ မကျေနပ်မှုတွေကို အစားများများစားပေးပြီး စိတ်ဖြေကြတော့ ဒီသံသရာကြီးကလည်း မဆုံးနိုင်တော့ပါဘူး။ ဒါပေမဲ့ ဒါဟာ အမှန်တကယ် ကိုယ်အလေးချိန်လျှော့ချမဲ့နည်းလမ်းမှန်ကို မသိကြသေးလို့ပါ။

အမှန်တကယ်လည်းထိရောက်ပြီး အချိန်တိုအတွင်း ကိုယ်အလေးချိန် ကျစေမဲ့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ ပြုလုပ်ရလွယ်ကူပြီး ရလဒ်ကောင်းတွေရရှိစေနိုင်မဲ့ ပုံစံကို စာဖတ်သူတွေအတွက် ပြင်ဆင်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

၁။ ရေ ၈ ခွက်

8-glasses-of-water_blue

၂။ ခြစ်ထားတဲ့ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

grating-fresh-ginger-and-garlic-cloves

၃။ သခွားသီး ၁ လုံး ( အခွံနွာပြီး အတုံးလိုက်လှီးပါ)

ouq2odyymdfemkzgnkncremyrjg6ntvimwe4ztbhm2myzgi5mtu1nzi0yjbhzgmwnjuxzdy6ojo6oja

၄။ သံပုရာသီး

shutterstock_2845931

၅။ ပူစီနံ အရွက် ၁၂ ရွက်

maxresdefault

ပြင်ဆင်ခြင်း

ခွက်တစ်လုံးထဲကို ပါဝင်ပစ္စည်းများအားလုံးကိုထည့်ပါ။ အဲဒီနောက် မွှေပေးပြီး ၁ ည သိပ်ထားပါ။ အဲဒီနောက် အဆီလောင်ကျွမ်းစေတဲ့ အဲဒီဖျော်ရည်ကို နောက်တစ်နေ့ အိပ်ယာနိုးနိုးချင်း (အစာမစားမီ) သောက်ပါ။ အဲဒီနည်းလမ်းအတိုင်း ၄ ရက်ဆက်တိုက်လုပ်ပေးပါ။ ရလဒ်ကောင်းတွေရရှိနိုင်မှာဖြစ်ပါတယ်။