အသားအရေ ပိုပြီး ကြည်လင်လာ

5118106617_d5619669b6_o-500x750

ပျားရည်က ဝက်ခြံတွေ၊ အစက်အပျောက်တွေကို ပျောက်စေပြီး အသားအရေ ပိုပြီး ကြည်လင်လာစေပါတယ်။

ပျားရည်ကို ဒီအတိုင်း မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေနွေးနဲ့ဆေးချပါ။ ပျားရည် တခြား ကြော်ငြာနေတဲ့ ဝက်ခြံပျောက်ဆေးတွေ ထက်ပိုပြီး ကောင်းမွန်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းလာ

diet-398613_960_720-750x498

ပျားရည်မှာပါဝင်တဲ့ အချိုဓာတ်က သဘာဝအချိုဓာတ်ဖြစ်တာကြောင့် သကြားတို့လို လူကို မဝစေပါဘူး။ သူ့မှာ ဗီတာမင်ဓာတ်တွေ အများကြီးလည်း ပါဝင်ပါတယ်။

အဲ့ဒီအပြင် သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကိုလည်း ကျဆင်းစေပါတယ်။ ဒါကြောင့် ပျားရည်ကို ရေအနည်းငယ်နဲ့ဖျော်ပြီး တစ်ပတ်ကို ၂ ကြိမ်လောက်သောက်သင့်ပါတယ်။

အိပ်ရေး၀၀ အိပ်နိုင်

sleep-well-look-good

ပျားရည်မှာ Tryptophan ဆိုတဲ့ အမိုင်နို အက်ဆစ်ဓာတ်တစ်မျိုးပါဝင်ပြီး အဲ့ဒီဓာတ်က ဦးနှောက်ထဲကိုဝင်ရောက်ပြီး အိပ်ပျော်စေနိုင်တဲ့ Serotonin ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် အိပ်ရေး၀၀ အိပ်နိုင်ကာ မနက်ကျရင်လည်း လန်းလန်းဆန်းဆန်း နိုးထနိုင်မှာဖြစ်ပါတယ်။

ပျားရည်ကို ဘယ်လို စားသုံးရမလဲ

ပျားရည်နဲ့ သံပုရာသီး

Bowl of sweet honey and lemons on wooden table.

အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။ ပျားရည်ကို ရေနဲ့ သံပုရာသီးတို့နဲ့ရောပြီး ဖျော်ပြီး သောက်နိုင်ပါတယ်။

ပျားရည်နဲ့ ပန်းသီး ရှာလကာရည်

Apple-Cider-Vinegar-for-Sore-Throat-

ဂေါက်ရောဂါအတွက် ကောင်းမွန်ပါတယ်။ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည်နဲ့ ရေနွေးနဲ့ရောပြီး သောက်ပါ။

ပျားရည်နဲ့ ကြက်သွန်ဖြူ

Homemade-Ginger-Tea-Recipe-And-Its-Benefits2

ပျားရည်ကို ကြက်သွန်ဖြူနဲ့ ရောစားရင် လည်ပင်းနာတာတွေ သက်သာစေပါတယ်။

ပျားရည်နဲ့ ဂျင်း

ဂျင်းလက်တစ်တစ်ကို တောက်တောက်စဉ်းပြီး ရေနွေးပူထဲတစ်ခွက်ထဲထည့်ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြာအောင် အိုးပေါ်တင်ပြီး အပူပေးပါ။ အိုးပေါ်ကချပြီး ပျားရည်ထည့်ကာ သောက်သုံးနိုင်ပါတယ်။

အစာခြေစနစ်ကိုအားကောင်းစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။

Featured Image Source: Manuka Honey