ကျန်းမာခြင်းရဲ့ တန်ဖိုးကို နာမကျန်းဖြစ်သူတွေက ပိုပြီးနားလည်ပါတယ်။ ကျန်းမာခြင်းက ငွေကြေးနဲ့ ဝယ်ယူလို့မရနိုင်ပါဘူး။

turmeric-lemon-juice

သံပုယိုသီးဖျော်ရည်ကတော့ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတယ်ဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။ သံပယိုရည်ထဲကို နနွင်းထည့်လိုက်တဲ့အခါမှာရော ဘယ်လိုအာနိသင်တွေရှိပါသလဲ။

တကယ်လို့ မနက်တိုင်းမှာ သံပုယိုဖျော်ရည်ထဲကို နနွင်းမှုန့် အနည်းငယ်ထည့်ပြီးသောက်မယ်ဆိုရင် ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိနေတာကို တွေ့ရပါတယ်။

နနွင်းကိုလည်း သဘာဝဆေးအဖြစ် ရှေးပဝေသသီကတည်းက အသုံးပြုခဲ့ကြပါတယ်။

နနွင်းကို သံပုယိုထဲထည့်သောက်ခြင်းရဲ့ အာနိသင်များ

images%e1%81%89

နနွင်းဟာ ဆီးချိုရောဂါနဲ့ ဆက်စပ်တဲ့ သွေးတွင်းသကြားဓါတ်များတာကို လျှော့ချပေးပြီး သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ ဒါ့ကြောင့် ဆီးချိုဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

lemonchaikurkuma-1446061760n8k4g-700x1024-horz

ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပြီး ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

အသက်အရွယ်ရလာတာကြောင့် အဲလ်ဇိုင်းမားလ် နဲ့ ဦးနှောက်ချို့ယွင်းတာတို့လို ဦးနှောက်နဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နာတာရှည်ဝမ်းချုပ်တာကို ပျောက်ကင်းစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

အသည်းရဲ့ လုပ်ဆောင်ချက်ကို တိုးတက်စေပြီး သားသုံးလိုက်တဲ့ အစားအသောက်ကြောင့် ရလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေပြီး အအေးမိဖျားနှာတာကနေလည်း ကာကွယ်ပေးပါတယ်။

နနွင်း သံပုယိုရည် ပြုလုပ်နည်း

ပါဝင်ပစ္စည်း

turmeric-for-open-wounds

၁။ နနွင်း လက်ဖက်ရည်ဇွန်း ၁/၄

she-lost-40-pounds-drinking-lukewarm-water2

၂။ ရေနွေး (သို့) နွားနို့ ၁ ခွက်

do-you-know-what-can-lemon-do-for-your-hair-face-nails-body-1

၃။ သံပုယိုသီး တစ်ခြမ်း

honey

၄။ ပျားရည် လက်ဖက်ရည်ဇွန်း ၁/၈

cinnamon1

၅။ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ် (ထည့်ချင်မှထည့်ပါ)

ပြင်ဆင်ခြင်း

ရေကိုမီးဖိုပေါ်တင်ပြီး ဆူအောင်သည်ထားပါ။ ပြီးရင် သံပုယိုသီးရည် အရည်ညစ်ပြီးထည့်ပါ။ ပျားရည် နဲ့ နနွင်းထည့်ပါ။ နနွင်းအိုးအောက်ကို ကျသွားတဲ့ထိ မွှေပေးထားပါ။

ပြီးရင် မီးဖိုပေါ်ကချပြီး အအေးမခံဘဲ ပူပူလေးမှုတ်သောက်ပါ။ ဒီဖျော်ရည်ကို မနက်တိုင်းသောက်ပေးသင့်ပါတယ်။