ကြက်ဥကိုခွဲလိုက်တဲ့အခါ အဝါရောင် လိမ္မော်ရောင် အဝါဖျော့ရောင်ဆိုပြီး ၃ မျိုးရှိတာတွေ့ရမှာပါ။ ကျွမ်းကျင်သူတွေက ကြက်ဥအရောင်ကိုကြည့်ပြီး ကြက်ဥရဲ့ Quality အရည်သွေးကို ဆုံးဖြတ်ကြပါတယ်။

ဘယ်လိုကြက်ဥအရောင်တွေရှိသလဲ

eggyolkcolor

ကြက်ဥအနှစ်မှာပါဝင်တဲ့ Carotenoids က ကြက်ဥကို အဝါဖျော့ရောင် လိမ္မော်ရောင်မျိုးဖြစ်စေတာပါ။ Carotenoids ဓါတ်က ဗီတာမင် A နဲ့ Antioxidant ဓါတ်တွေကိုထုတ်ပေးပါတယ်။

ကြက်ဥမစားခင် ကြက်မတွေရဲ့ အာဟာရအခြေအနေ

eggs

ကြက်မတွေစားတဲ့ အစားအစာက ကြက်ဥအနစ်ရဲ့အရောင်နဲ့ ဆက်စပ်နေပါတယ်။ စပါးတစ်မျိုးတည်းစားတဲ့ ကြက်မတွေရဲ့ ကြက်ဥအနှစ်ဟာ အဝါရောင်ဖျောဖျော့ဖြစ်တတ်ပါတယ်။ အပင်တွေ၊ အင်းဆက်တွေ၊ စပါးနဲ့ ပြောင်းဖူးစားတဲ့ ကြက်မတွေကတော့ လိမ္မော်ရောင် (သို့) ပယင်းရောင်ဖြစ်ပါတယ်။

ဘယ်ကြက်ဥအရောင်ကကောင်းသလဲ

eggyolks

အော်ဂဲနစ်တွေကိုစားတဲ့ ကြက်ဥအနှစ်ဟာ လိမ္မော်ရောင်ဖြစ်ပြီး ခန္တာကိုယ်နဲ့ အရိုးသန်မာဖို့ ကြွက်သားသန်မာဖို့လိုအပ်တဲ့ အဟာရဓါတ်တွေပါဝင်ပါတယ်။ အဝါရောင်ဖျော့ဖျော့ကတော့ အာဟာရဓါတ်သိပ်မပါဝင်ဘူး ဒါမှဟုတ် ကြက်ရဲ့ ကျန်းမာရေးသိပ်မကောင်းလို့ဖြစ်တယ်လို့ယူဆထားကြပါတယ်။

အကျဉ်းချုပ်ပြောရရင်တော့ ကြက်ဥအဝါရောင်အနှစ်ထက် လိမ္မော်ရောင် (သို့) ပယင်းရောင်အနစ်က ပိုပြီးအာဟာရဓါတ်ကြွယ်ဝတယ်လို့ဆိုနိုင်ပါတယ်။