ရေခဲသေတ္တာထဲမှာ အစားစာတွေအမြဲတမ်းပြည့်နေမှ ကျေနပ်တဲ့သူတွေသိထားရမယ့် အရာတစ်ချို့ကိုဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။ ကျန်းမာလှပတဲ့ခန္ဓာကိုယ်၊ လှပတဲ့အသားအရေမျိုးကို ပိုင်ဆိုင်ချင်တဲ့သူတွေအနေနဲ့ အစားအသောက်ကိုလည်း သေချာထိန်းသိမ်းတတ်ဖို့က အရေးကြီးပါတယ်။

မှန်ကန်တဲ့စားသောက်နေထိုင်မှုမျိုးကို ပိုင်ဆိုင်ထားနိုင်မှ လှလှပပလေးနေထိုင်နိုင်မယ်ဆိုတာကိုလည်း ယုံကြည်ထားဖို့လိုအပ်ပါသေးတယ်။

Milk

မနက်ပိုင်းမှာကျန်းမာပြီး ပြည့်ဝတဲ့မနက်စာမျိုးကိုစားသုံးရင် အင်အားပြည့်ဝချင်တယ်ဆိုရင်တော့ နွားနို့တစ်ခွက်တော့မဖြစ်မနေပါဝင်သင့်ပါတယ်။ နွားနို့မှာ ကယ်ဆီရမ်ဓာတ်တွေလည်း များစွာပါဝင်နေတာဆိုတော့ ပျိုမေတို့ရဲ့ Breakfast အတွက်အသင့်တော်ဆုံးဆိုတော့ ရေခဲသေတ္တာထဲမှာလည်း ရှိနေသင့်ပြီလေ။

Eggs

တစ်ခါတစ်လေ အရမ်းအလုပ်များလွန်းလို့ စားစရာမရှိနေရင်တောင် ကြက်ဥ၊ ဘဲဥရှိရင်အဆင်ပြေတယ်လို့ ဆိုလို့ရသလိုပေါ့။ ပရိုတင်းဓာတ်တွေ ကြွယ်ဝတဲ့အပြင် နည်းလမ်းမျိုးစုံနဲ့ စားသုံးဖို့အဆင်ပြေပြီး ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိစေတာကြောင့် ရေခဲသေတ္တာထဲမှာထည့်ထားဖို့လိုမယ်နော်။

Yogurt

အသားအရေကိုလှပပြီး အလှအပအတွက်လည်း အသုံးဝင်တဲ့အရာတွေထဲမှာ ဒိန်ချဉ်လည်းပါဝင်နေပါတယ်။ နေ့တိုင်းမစားရင်တောင် တစ်ခါတစ်လေမှာ စားပေးဖို့အတွက် အဆင်ပြေတာကြောင့် ရေခဲသေတ္တာမှာထည့်ပေးထားဖို့လိုအပ်ပါတယ်။

Fruit

ရေခဲသေတ္တာထဲမှာ အရှိနေသင့်ဆုံးအရာက အသီးအနှံတွေပါပဲ။ လူတစ်ယောက်အတွက်လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို အသီးအနှံတွေကနေ အများဆုံးရရှိနိုင်တာကြောင့် နေ့တိုင်းပုံမှန်စားပေးမှ ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ ကောင်းမွန်လှပစေဖို့ စားပေးသင့်တယ်နော်။

Photo Source: Pinterest