ကီဝီသီးဖျော်ရည်ဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ ပိုတက်ဆီယမ် နဲ့ အမျှင်ဓါတ်လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

ကီဝီသီးဖျော်ရည်သောက်ရင် ဘာကောင်းလို့လဲ

၁။ လေဖြတ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးပါတယ်။

၂။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။

၃။ နှလုံးသွေကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးတယ်။

၄။ ဆဲလ်တွေရဲ့ လုပ်ရှားမှုကို ကာကွယ်ပေးတယ်။

၅။ သွေးခဲခြင်းကနေ ကာကွယ်ပေးတယ်။

၆။ ဇီဝဖြစ်စဉ် ပြန်လည်ရှင်သန်စေဖို့ လှုံ့ဆော်ပေးတယ်။

၇။ နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

၈။ အမြင်အာရုံကို ကြည်လင်စေပြီး မျက်လုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

၉။ မှတ်ဉာဏ်စွမ်အားကိုလည်း ကောင်းမွန်စေပါတယ်။

၁၀။ Cellulite ( အဆီပိုလိုမျိုး အရေပြားတွဲကျနေတာ) ကို ကုသပေးနိုင်ပါတယ်။

၁၁။ ကျန်းမာတဲ့အသားအရေကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

၁၂။ ချောင်းဆိုးရင်ကျပ်ရောဂါအပြင် ကလေးနဲ့ လူကြီးတွေမှာဖြစ်တတ်တဲ့ နာတာရှည်ချောင်းဆိုးတာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေပါတယ်။

this-juice-prevents-blood-clot-and-reduces-the-risk-of-stroke

ကီဝီဖျော်ရည် ပြုလုပ်နည်း

ပါဝင်ပစ္စည်း

သန့်ရှင်းလတ်ဆတ်တဲ့ ကီဝီသီး ၁/၂ ကီလိုဂရမ်
ရေ ၁/၂ လီတာ
(အညိုရောင်) သကြား အနည်းငယ် (ထည့်ချင်မှထည့်ပါ။)

108729

ပြင်ဆင်ခြင်း

ပထမဆုံး ကီဝီသီးကို အခွံနွာပြီး ပါးပါးလှီးကာ ဖျော်စက်ထဲထည့်ပါ။

အဲဒီနောက် ရေအေးနဲ့ သကြားထည့်ပါ။ သကြားအရည်ပျော်သွားတဲ့ထိ မွှေပေးပါ။ ဖျော်ရည်ကို ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ပေးပါ။ မသောက်သုံးခင်မှာ ရေအနည်းငယ်ထည့်ပြီးမှ သောက်ပါ။

ကီဝီသီးဖျော်ရည်မှာ ဗီတာမင် A၊ B Complex၊ ဗီတာမင် C၊ ဗီတာမင် K၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် စတဲ့ ဓါတ်တွေအပြင် ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ဓါတ်သတ္တုတွေ အများအပြားပါဝင်နေပါတယ်။

caution-006

သတိပြုရန်

ကီဝီသီးဖျော်ရည်ကို တစ်နေ့ ၁ ခွက် နဲ့ ၂ ခွက်ထက် ပိုမသောက်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ကီဝီသီးက အရေပြား ဓါတ်မတည့်တာ (Allergy) ဖြစ်နိုင်ပါတယ်။