သကြားဓာတ်က ခါးပတ်လည်မှာ အဆီတွေများရုံသာမကဘဲ ကင်ဆာဆဲလ် အကျိတ်တွေကိုပိုပြီး ကြီးထွားစေပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ၊ Katholieke Universiteit Leuven တက္ကသိုလ်က သကြားဓာတ်နဲ့ပတ်သက်ပြီး ၉ နှစ်တာ သုတေသနပြုလုပ်ခဲ့ပြီး ရလဒ်ကို Nature Communications ဂျာနယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ပိုပြီး ကြီးစေပြီး ပိုများစေကြောင်းကို တွေ့ရှိခဲ့ကြပါတယ်။

sugar

ကင်ဆာမဟုတ်တဲ့ ဆဲလ်တွေက အောက်စီဂျင်ကို အသုံးပြုပြီး ကလူးကို့စ်ကို ခန္ဓာကိုယ်အတွက်စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပါတယ်။

ကင်ဆာဆဲလ်တွေက သကြားဓာတ်ကို ကစော်ဖောက်တဲ့ ပုံစံမျိုး (Warburg effect) ကနေ စွမ်းအင် ရရှိပါတယ်။ ဒါကြောင့် သကြားဓာတ်က ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေကို နိုးကြားလာပြီး အကျိတ်တွေကိုပိုမွှား ပိုကြီးထွားစေပါတယ်။

maxresdefault

“သကြားစားသုံးမှု များရင် ကင်ဆာဆဲလ်တွေကို နိုးကြားစေပြီး ကင်ဆာ ကြီးထွားဖွံ့ဖြိုးမှုကိုဖြစ်စေတယ်”လို့ ဘယ်လ်ဂျီယံနိုင်ငံ၊ Katholieke Universiteit Leuven မှ ပါမောက္ခ Molecular ဇီဝပညာရှင် Johan Thevelein က သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါကြောင့် တခြား ကျန်းမာရေးဆိုးကျိုးတွေလည်း ရှိတာကြောင့် သကြားစားသုံးမှုကို တတ်နိုင်သမျှ လျော့ချသင့်ပါတယ်။

ဒီဆောင်းပါးကို Reader’s Digest ကနေ ဘာသာပြန်ထားတာဖြစ်ပါတယ်။