[Unicode]

Green Tea ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ရှိတာ ကြားဖူးပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် Green Tea နဲ့ Almond Milk နဲ့ ရောတဲ့အခါ Diet လုပ်လို့ရတာတော့ သိပ်မသိကြသေးပါဘူး။ ဒီနည်းဟာ အနောက်နိုင်ငံတွေမှာတော့ အနည်းငယ် လူသိများပါတယ်။ လူအတော်များများဟာ ကိုယ်ရဲ့ ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချချင်ကြပြီး ကိုယ်ခန္ဓာကို ပြုပြင်ပြောင်းလဲ ချင်ကြပါတယ်။

Almond Milk & Green Tea ဟာ ကိုယ်တွင်းက အဆိပ်တွေကို သန့်စင်စေပြီး သင့်ရဲ့ ကိုယ်ထဲက ပိုနေတဲ့ အရည်တွေကို ကျစေတဲ့ အတွက် ၄ပေါင်လောက် လျှော့ချနိုင်ပါတယ်။

ဒါပေမယ့် ဒီနည်းကို တစ်လထဲမှာ ၂ကြိမ်ထက် ပိုမပြုလုပ်ပါနဲ့။ ဒီနည်းဟာ ကျောက်ကပ်မကောင်းတဲ့လူ၊ နို့နဲ့ အလာ့ဂျစ်ရှိတဲ့သူ၊ သွေးပေါင်ကျတတ်တဲ့သူနဲ့ သွေးအားနည်းတတ်သူတွေ ပြုလုပ်လို့ မရပါဘူး။ ကိုယ်ဝန်ဆောင်တွေလည်း မပြုလုပ်ရပါဘူး။ ကိုယ့်ကိုကိုယ် မသေချာဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ Diet Plan ကို စပါ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့

Green Tea လက်ဖက်ရည်ဇွန်း ၂ဇွန်း

Almond Milk (Low fat) 1.5 လီတာ

green-tea-almond-latte-skin-drinks-pg-full

Green Tea က အမှုန့်ကို ဝယ်ပါ။ အိတ်နဲ့ဟာတွေကို မဝယ်ပါနဲ့။ ဘာကြောင့်လဲဆိုရင် အာနိသင်မတူလို့ပါ။ ပထမဦးစွာ နို့တွေကို ကျိုပါ။ မပူမအေး အချိန်မှာ Green Tea အမှုန့်တွေကို ထည့်ပါ။ ပြီးရင် အဖုံးအုပ်ထားပြီး မိနစ် ၂၀ ထားပါ။ ပြီးရင်တော့ တနေကုန် သောက်ပေးပါ။ ၂နာရီခြားတစ်ခါ သောက်ပါ။ ရိုးရိုးရေလည်း သောက်လို့ ရပါတယ်။ ရေက ၂လီတာ သောက်ပေးပါ။

ဘာကြောင့်လဲဆိုရင် ရေက ပြန်ပြီးတော့ ကိုယ်တွင်းက လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးလို့ပါ။ တနေကုန် ဒါပဲ သောက်နေရပါမယ်။ သင့်ကို ဗိုက်ဆာခြင်းလည်း မဖြစ်စေပါဘူး။ ဘာကြောင့်လဲ ဆိုရင် Green Tea ဟာ ဆာလောင်ခြင်းကို ဟန့်တားနိုင်လို့ပါ။

[Zawgyi]

Green Tea ဟာ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြ ရွိတာ ၾကားဖူးၿပီးသား ျဖစ္မွာပါ။ ဒါေပမယ့္ Green Tea နဲ႔ Almond Milk နဲ႔ ေရာတဲ့အခါ Diet လုပ္လို႔ရတာေတာ့ သိပ္မသိၾကေသးပါဘူး။ ဒီနည္းဟာ အေနာက္ႏုိင္ငံေတြမွာေတာ့ အနည္းငယ္ လူသိမ်ားပါတယ္။ လူအေတာ္မ်ားမ်ားဟာ ကိုယ္ရဲ႕ ပိုေနတဲ့ ကိုယ္အေလးခ်ိန္ေတြကို ေလွ်ာ့ခ်ခ်င္ၾကၿပီး ကိုယ္ခႏၶာကို ျပဳျပင္ေျပာင္းလဲ ခ်င္ၾကပါတယ္။

Almond Milk & Green Tea ဟာ ကိုယ္တြင္းက အဆိပ္ေတြကို သန္႔စင္ေစၿပီး သင့္ရဲ႕ ကိုယ္ထဲက ပိုေနတဲ့ အရည္ေတြကို က်ေစတဲ့ အတြက္ ၄ေပါင္ေလာက္ ေလွ်ာ့ခ်ႏုိင္ပါတယ္။

ဒါေပမယ့္ ဒီနည္းကို တစ္လထဲမွာ ၂ႀကိမ္ထက္ ပိုမျပဳလုပ္ပါနဲ႔။ ဒီနည္းဟာ ေက်ာက္ကပ္မေကာင္းတဲ့လူ၊ ႏို႔နဲ႔ အလာ့ဂ်စ္ရွိတဲ့သူ၊ ေသြးေပါင္က်တတ္တဲ့သူနဲ႔ ေသြးအားနည္းတတ္သူေတြ ျပဳလုပ္လုိ႔ မရပါဘူး။ ကိုယ္၀န္ေဆာင္ေတြလည္း မျပဳလုပ္ရပါဘူး။ ကိုယ့္ကိုကိုယ္ မေသခ်ာဘူး ဆိုရင္ေတာ့ ဆရာ၀န္နဲ႔ တုိင္ပင္ၿပီးမွ Diet Plan ကို စပါ။

လိုအပ္တဲ့ ပစၥည္းေတြကေတာ့

Green Tea လက္ဖက္ရည္ဇြန္း ၂ဇြန္း

Almond Milk (Low fat) 1.5 လီတာ

green-tea-almond-latte-skin-drinks-pg-full

Green Tea က အမႈန္႔ကို ၀ယ္ပါ။ အိတ္နဲ႔ဟာေတြကို မ၀ယ္ပါနဲ႔။ ဘာေၾကာင့္လဲဆိုရင္ အာနိသင္မတူလို႔ပါ။ ပထမဦးစြာ ႏို႔ေတြကို က်ိဳပါ။ မပူမေအး အခ်ိန္မွာ Green Tea အမႈန္႔ေတြကို ထည့္ပါ။ ၿပီးရင္ အဖံုးအုပ္ထားၿပီး မိနစ္ ၂၀ ထားပါ။ ၿပီးရင္ေတာ့ တေနကုန္ ေသာက္ေပးပါ။ ၂နာရီျခားတစ္ခါ ေသာက္ပါ။ ရိုးရိုးေရလည္း ေသာက္လို႔ ရပါတယ္။ ေရက ၂လီတာ ေသာက္ေပးပါ။

ဘာေၾကာင့္လဲဆိုရင္ ေရက ျပန္ၿပီးေတာ့ ကိုယ္တြင္းက လုပ္ေဆာင္ခ်က္ေတြကို ထိန္းညွိေပးလို႔ပါ။ တေနကုန္ ဒါပဲ ေသာက္ေနရပါမယ္။ သင့္ကို ဗိုက္ဆာျခင္းလည္း မျဖစ္ေစပါဘူး။ ဘာေၾကာင့္လဲ ဆိုရင္ Green Tea ဟာ ဆာေလာင္ျခင္းကို ဟန္႔တားႏိုင္လို႔ပါ။