ငှက်ပျောသီးအခွံခွာလိုက်ရင် ငှက်ပျောသီးမှာ ကပ်နေတဲ့ အမျှင်လေးတွေကို ရှုပ်တယ်လို့ ထင်ခဲ့ပါသလား။ အဲ့ဒီအမျှင်လေးတွေကို အတင်းမရရအောင် ဖယ်ပြီး စားဖူးပါသလား။

အဲ့ဒီအမျှင်လေးတွေ ငှက်ပျောသီးပေါ်မှာ ဘာကြောင့် ရှိနေလဲဆိုတာ ကြည့်လိုက်ရအောင်။

အမျှင်လေးတွေ

အဲ့ဒီအမျှင်လေးတွေမှာ သိပ္ပံနာမည်ရှိပါတယ်။ Phloem Bundles လို့ခေါ်ပါတယ်။ အပင်မှာရှိတဲ့ Phloem က အပင်တစ်ခုလုံးကို အာဟာရဓာတ်တွေ ပေးပို့ပေးပါတယ်။ ဒါ့ကြောင့် ဒီအမျှင်ဓာတ်တွေက ငှက်ပျောသီးအတွက် အကျိုးပြုရုံသာမက အာဟာရတွေလည်းအများကြီးပါဝင်နေပါတယ်။

ဒါ့ကြောင့် ငှက်ပျောသီးစားတဲ့အခါမှာ ဖယ်စရာမလိုပါဘူး။ ဒီအမျှင်လေးတွေပါ ထည့်စားသင့်ပါတယ်။

အမှည့်လွန်နေတဲ့ ငှက်ပျောသီးကို စားခြင်းရဲ့ အကျိုးကျေးဇူး

အမှည့်လွန်နေတဲ့ ငှက်ပျောသီးကို စားရင် ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။ အဲ့ဒီအပြင် သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။

ဝမ်းချုပ်တာကို ကာကွယ်ပေးပြီး ဓမ္မတာ ကိုလည်း မှန်စေပါတယ်။