အသီးအရွက်သုပ်ကတော့ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စားသုံးကြပါတယ်။ ထမင်းဝိုင်းမှာ အသုတ်လေးတစ်မျိုး ပါလိုက်မှ ထမင်းစားမှိန်တဲ့သူတွေလည်းရှိပါတယ်။ လတ်ဆတ်ပြီး ပြုလုပ်ရတာ လွယ်ကူ လျင်မြန်တဲ့အပြင် အရောင်အသွေးစုံလင်လို့ စားချင်စဖွယ်ကောင်းတဲ့ အသုပ် ၃ မျိုး သုပ်နည်းကို ပြောပြပေးပါ့မယ်။

ဂေါ်ဖီသုပ်

ပါဝင်ပစ္စည်း

ဂေါ်ဖီ

redcabbage

မုန်လာဥ

carrot1

ကြက်သွန်နီ

sliced-onions-for-curtido

သံလွင်ဆီ

olive-oil

နံနံပင်

parsley-leaves-480x318

သံပုရာသီး

ဆား

salt-07

ဟင်းခတ်အမွှေးအကြိုင်

ပြုလုပ်နည်း

sveza-salata-free-photos-750x496-1

မုန်လာဥနီ ၂ လုံး နဲ့ ဂေါ်ဖီ (အနီ၊အဖြူ) တစ်ဝက်လောက်ကို ပါးပါးလှီးပြီး ပြုတ်ပေးပါ။ အဲဒီနောက် ကြက်သွန်နီကို ပါးပါးလှီးပြီးထည့်ပါ။ အဲဒီနောက် နံနံပင် အနည်းငယ်ထည့်ပါ။ ထောပတ်၊ ဆား တခြားဟင်းခတ်အမွှေးအကြိုင်တွေကို လိုသလို ထည့်ပါ။

အဲဒီနောက် သံပုရာသီး ညှစ်ထည့်ပေးပါ။ ကဲ စားသုံးနိုင်ပါပြီနော်။

ခေါက်ဆွဲသုပ်

အရသာရှိပြီး လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ခေါက်ဆွဲသုပ်တစ်မျိုးကိုလည်း မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

fresh_ramen_noodle_001

ခေါက်ဆွဲ (မိမိနှစ်သက်ရာ)

cucumber

သခွားသီး

carrot-fb

မုန်လာဥနီ

soy-sauce

ပဲငံပြာရည်

salt-07

ဆား

ငရုတ်သီး

Bell Pepper

Balsamic Vinegar

balsamic-vinegar-and-cup

ပြုလုပ်နည်း

asian-noodle-salad-method-600-7

ခေါက်ဆွဲကို ပွက်ပွက်ဆူနေတဲ့ရေနွေးထဲထည့်ပြီး ၅ မိနစ်လောက် ပြုပ်ထားပါ။အဲဒီလို ပြုပ်နေချိန်မှာ သခွားသီး နဲ့ မုန်လာဥနီကို ပါးပါးလှီးပြီး ထည့်ပါ။ အဲဒီနောက် ငံပြာရည်အနည်းငယ် ဆားအနည်းငယ် နဲ့ ငရုတ်သီးအနည်းငယ်ထည့်ပါ။

ဒီအချိန်လောက်ဆိုရင်တော့ ခေါက်ဆွဲက အနေတော်ဖြစ်နေလောက်ပြီဆိုတော့ခေါက်ဆွဲကို ရေဆစ်ပြီး အအေးခံပါ။ အဲဒီနောက် ပါဝင်ပစ္စည်းတွေ ရောပြီး သုပ်ပေးပါ။ သံလွင်ဆီအနည်းငယ်နဲ့ ရှလကာရည်ကိုလည်း ထပ်ထည့်နိုင်ပါတယ်။

ပန်းဂေါ်ဖီသုပ်

ပန်းဂေါ်ဖီ ( ၁/၄ ပုံအရွယ်အစား)

ပန်းသီး ၁/၂

20080706123422_apples

Sour Cream စားပွဲတင်ဇွန်း ၁ ဇွန်း

20150923-sour-cream-primary

Mayonnaise ( ဆီ၊ ကြက်ဥအနှစ်၊ ရှလကာရည် တို့ကို ပေါင်းစပ်ထားတဲ့ ခရင်မ်) စားပွဲတင်ဇွန်း ၁ ဇွန်း

mayonnaise-9310_l

သစ်ကြားသီး ၁၀ ဂရမ်

walnuts-whole-and-shelled

ဗာဒံသီး (Almond)

almonds-raw_625x350_51421213477

စပျစ်သီးခြောက် ၁၀ ဂရမ်

6140025_f260

ပျားရည် လက်ဖက်ရည်ဇွန်း ၁/၂

tp0d4n4it5nvi9zqj58y

ပြုလုပ်နည်း

unnamed-1

ဂေါ်ဖီစိမ်းကို လှီးပေးပါ။ ပန်းသီးကို လေးထောက်တုံးသေးသေးလေး လှီးပေးပါ။

သစ်ကြားသီးနဲ့ ဗာဒံသီးကို ထုပေးပါ။

ခွက်တစ်လုံးထဲကို ပန်းဂေါ်ဖီ၊ Sour Cream၊ Mayonnaise ၊ ပန်းသီး၊ သစ်ကြားသီး၊ ဗာဒံသီး၊ ပျားရည်ကို ထည့်ပါ။ အဲဒီနောက် ဆား ငရုတ်သီးမူန့်ကိုထည့်ပြီး နှယ်ပေးပါ။ တကယ်လို့ Mayonnaise ရဲ့အရသာကို မကြိုက်ဘူးဆိုရင် Sour Cream ကို ပဲထည့်ပေးလို့ရပါတယ်။ အသုပ်ကို စားချင်စဖွယ်လေးဖြစ်နေစေဖို့ စက္ခုအာရုံကို ဖမ်းစားနိုင်ဖို့ အလှဆင်တဲ့အနေတဲ့ စပျစ်သီးခြောက်တွေကို ထည့်ပေးပါ။