Tiger Crystal သည် Tiger Beer မှ တိုးချဲ့တီထွင်လိုက်သည့် အယ်လ်ကိုဟောပမာဏ ၄.၅ ရာခိုင်နှုန်း သာပါဝင်သော သောက်သုံးသူကိုလန်းဆန်းအေးမြစေသည့် ဘီယာတစ်မျိုးဖြစ်

Tiger Crystal ဘီယာသည် အခြားဘီယာများနှင့်မတူဘဲ တစ်မူထူးခြားသည့် ကြော့ရှင်းလှပသော ပုလင်း ပုံစံဖြင့် သောက်သုံးသူကို လန်းဆန်းတက်ကြွမှု၊ ရှတတအရသာနှင့် လက်ဆတ်သန့်ရှင်းသည့် အရသာကို ပေးစွမ်း

IMG_0131

ရန်ကုန်၊ အောက်တိုဘာလ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ။ တစ်မူထူးခြားသည့် အရသာသစ်၊ အတွေ့အကြုံသစ်တို့ကို ရှာဖွေနေသော ဘီယာသောက်သုံးသူများအတွက် HEINEKEN Myanmar မှ စိတ်လှုပ်ရှားဖွယ် ထုတ်ကုန်အသစ် တစ်မျိုးကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်လိုက်သည်။ ယခုမိတ်ဆက်လိုက်သော Tiger Crystal ဘီယာသည် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး ဘီယာတံဆိပ်ဖြစ်သည့် Tiger Beer ၏ တိုးချဲ့တီထွင်မှုတစ်ခုဖြစ်သည်။ Tiger Crystal သည် အထူးကောင်းမွန်ပြီး ပေါ့ပါးသော အရသာရှိသည့် လာဂါဘီယာအမျိုးအစားဖြစ်သည်။

IMG_0193

“အရသာအသစ်အဆန်းတွေကို မြည်းစမ်းကြည့်ချင်နေတဲ့ ဘီယာသောက်သုံးသူတွေအတွက် HEINEKEN Myanmar က အသစ်အသစ်တွေကို ပေးစွမ်းနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ Tiger Crystal ဟာ Tiger Beer က တိုးချဲ့တီထွင်လိုက်တဲ့ အမှတ်တံဆိပ် အသစ်ပဲဖြစ်ပါတယ်။ လန်းဆန်းတက်ကြွမှုတွေ ဆောင်ကြဉ်းပေးနိုင်တဲ့ ဒီဘီယာ ကို သောက်သုံးသူတွေ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု HEINEKEN Myanmar ၏ အရောင်း မြှင့်တင်ရေးဒါရိုက်တာ Leen De Schutter မှ ပြောကြားခဲ့သည်။

IMG_0096

Tiger Crystal ဘီယာကို ထူးခြားသည့် ဗျစ်ပွင့်တစ်မျိုးကို အသုံးပြုပြီးချက်လုပ်ထားသည်။ အကောင်းကြိုက်တတ် သော ဘီယာသောက်သုံးသူများအတွက် မွှေးပျံ့သောရနံ့ရရှိစေရန်နှင့် ထူးခြားကောင်းမွန်သည့် အရသာရရှိစေရန် အပူချိန် အနုတ် ၁ ဒီဂရီဆဲစီရပ်စ်တွင် အရည်စစ်ထုတ်လုပ်ထားသည်။ Tiger Crystal ဘီယာသည် လတ်ဆတ်ပြီး သောက်သုံးသူကို ရွှင်လန်းအေးမြသည့် အရသာကို ပေးစွမ်းသည်။ Tiger Crystal သည် အယ်လ်ကိုဟော ပါဝင်မှု ပမာဏ ၄.၅ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံရှိ ယမကာာဓာတ် ပါဝင်မှုအနည်းဆုံးဘီယာများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

IMG_0289

Tiger Crystal ၏ လှပခေတ်မီသော ပုလင်းဒီဇိုင်းသည် ဈေးကွက်ထဲတွင် အခြားဘီယာများနှင့် မတူဘဲ ထင်ရှားပေါ် လွင်နေသည်။ Tiger Crystal ၏ ကြည်လင်သောပုလင်းဖန်သားပြင်၊ သွယ်လျလှပသည့်ပုလင်းဒီဇိုင်းနှင့် ငွေရောင် တံဆိပ်အမှတ်အသားတို့က Tiger Crystal ကို ပိုမိုခေတ်မီလှပပြီး ဆွဲဆောင်မှုရှိစေပါသည်။ Tiger Crystal ၏ ပုလင်းဒီဇိုင်းသည် အထဲတွင် ပါဝင်သောဘီယာ၏ ကြည်လင်တောက်ပမှုနှင့် ရွှေရောင်ဖျော့ဖျော့ရှိသော ဘီယာ၏ အရည်အသွေးကို ပိုမိုပေါ်လွင်စေပါသည်။

IMG_0186

“အရသာအသစ်အဆန်းကို မြည်းစမ်းချင်နေသူတွေအတွက် Tiger Crystal က ရွေးချယ်သောက်သုံးသင့်တဲ့ ဘီယာပါ ပဲ။ Tiger Crystal က ငယ်ရွယ်ပြီး အသစ်အဆန်းတွေကို မြည်းကြည့်ချင်နေတဲ့ ဘီယာသောက်သုံးသူတွေကို မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ Tiger Crystal ဟာ ထူးခြားတဲ့အရသာရှိပြီး ဆန်းသစ်တဲ့ထုပ်ပိုးမှုကြောင့် ကုန်ပစ္စည်းတွေကြားထဲမှာ ထင်ရှားပြီး ပေါ်လွင်နေပါတယ်” ဟု Tiger Beer ကုန်အမှတ်တံဆိပ်မန်နေဂျာ San Mai မှ ပြောကြားခဲ့သည်။

6

Tiger Crystal ကို ၃၃၀ မီလီလီတာရှိသော Crystal ကဲ့သို့ကြည့်လင်သောဖန်ပုလင်းနှင့် ၃၃၀ မီလီလီတာရှိသော ငွေရောင်သံဘူးတို့တွင် ထည့်သွင်းထားပြီး ယခုအခါတွင် မြန်မာနိုင်ငံအနှံ့ရှိ စူပါမားကတ်များ၊ ဘားများနှင့် စားသောက်ဆိုင်များတွင် ရရှိနိုင်ပြီဖြစ်သည်။