ကျန်းမာရေးအတွက် ဟင်းသီးဟင်းရွက်တွေ များများ စားပေးသင့်တယ်၊ သူ့မှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပါဝင်တယ်ဆိုတာ လူတိုင်းသိပါတယ်။

ဒါပေမယ့် လူတော်တော်များများအထူးသဖြင့် ကလေးတွေက အသီးအရွက်တွေရဲ့ အရသာ မကြိုက်တာကြောင့် မစားဖြစ်ကြတာများပါတယ်။

ဟင်းသီးဟင်းရွက် ဟင်းလျာတွေကို အရသာ ထူးကဲအောင်၊ ချို၊ ချဉ်၊ စပ်အရသာလေးတွေနဲ့အစပ်အဟပ် တည့်တည့်ချက်ရင် ကိုယ့်မိသားစု သဘောကျ စားသုံးကြမှာပါ။

ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို အရသာထူးကဲအောင် ချက်ပြုတ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

အနံ့မွှေးပျံ့ ပြီး အရသာ ရှိအောင်

pexels-photo-269245

ဟင်းလျာကို စတင်ချက်ပြုတ်ရာမှာ အနံ့လေးတွေ မွှေးနေအောင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ နဲ့ဂျင်းတို့ကို အသုံးပြုလို့ရပါတယ်။

ဒယ်အိုးအပြားလေး (Pan) ထဲမှာ ဆီလေးထည့်ပြီး မီးအပူပေးပြီးမှ ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ အနီလေးတွေထည့်ပြီး ဆီသပ်လိုက်ပါ။ အညိုရောင်ပြောင်းသွားပြီး အနံ့မွှေးမွှေးလေးတွေ ထွက်လာရင် တစ်အိမ်လုံးက ဗိုက်ဆာလာပါလိမ့်မယ်။

အရောင်တင်မှုန့်လေးကို နည်းနည်းလေးဖြူးလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ဂျင်းလေးကို ပါးပါးလေးလှီး ဒါမှမဟုတ် ထောင်းပြီး ထည့်လို့လည်း ရပါတယ်။

bread-kitchen-recipe-parsley

ပြီးမှ ဟင်းသီးဟင်းရွက်တွေထည့်ပြီး ကြော်ရင် မွှေးပျံ့ ပြီး လန်းဆန်းတဲ့ အရသာဟင်းလျာတွေကို ရရှိမှာပါ။ အရသာအတွက် ဆားနဲ့ငရုတ်ကောင်းထည့်တဲ့အပြင် တခြား ရာသီပေါ် ဟင်းခတ်အမွှေးအကြိုင်လေးတွေလည်း စမ်းသုံးကြည့်ပါ။ စမုန်ဖြူ၊ နံနံပင်တို့ကိုလည်း စမ်းသုံးကြည့်ပါ။ ဥပမာ မုန်လာဥနီတို့ ချက်ရင် ကုံကမံနဲ့လိုက်ဖက်ပါတယ်။

ကိုယ်ချက်မယ့် ဟင်းသီးဟင်းရွက်က ခါးနေရင် သကြား သို့မဟုတ် ပျားရည်အနည်းငယ်ရောသုံးကြည့်ပါ။ ရှတတ အရသာမျိုးလိုချင်ရင် ရှာလကာရည်နဲ့သံပုသီးတို့ကို သုံးလို့ရပါတယ်။

အသစ်တစ်ခုခုကို တီထွင်ချက်ပြုတ်ကြည့်ပါ

MediterraneanStuffedPeppersTwo-2

အမြဲလိုလို ပန်းဂေါ်ဖီ၊ အားလူး၊ ပြောင်းဖူး၊ ပဲစတာတွေဘဲ ချက်နေရင် ရိုးအီလာပါလိမ့်မယ်။ ကိုယ်မစားဖူးတဲ့ ဟင်းသီးဟင်းရွက် ဒါမှမဟုတ် ကိုယ်မချက်ဖူးတဲ့ ဟင်းသီးဟင်းရွက် ဟင်းလျာ အသစ်ကို တစ်ပတ်မှာ တစ်ခါလောက် စမ်းသပ်ချက်ပြုတ်သင့်ပါတယ်။

 

နည်းမှန်မှန် ချက်ပြုတ်နိုင်အောင် ကြိုးစားပါ

carrots-2106825_1280

ဟင်းသီးဟင်းရွက်စားဖို့ လိုတယ်ဆိုပြီး ခြောက်ကပ်ကပ်၊ အရသာမရှိဘဲ တူးနေတဲ့ အရွက်ကြော်တွေဆို ဘယ်သူမှ စားချင်မှာမဟုတ်ပါဘူး။

ဒါကြောင့် ဟင်းချက်တာမကျွမ်းကျင်သေးရင် ကိုယ်ချက်မယ့် ဟင်းလျာနဲ့ပတ်သက်ပြီး ဟင်းချက်နည်းကို သေချာလေ့လာပါ။

ဟင်းမချက်ခင်မှာ ပစ္စည်းတွေကို လက်တစ်ကမ်းမှာရှိနေအောင် ကြိုတင်ပြင်ဆင်ပြီးမှ ချက်ပြုတ်ပါ။ ဟင်းလျာခွက်ထဲမှာ တတ်နိုင်သမျှ အရောင်လေးတွေစုံလင်ပြီး စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင် ချက်ပြုတ်ပါ။

 

အစာသွပ်ဟင်းလျာတွေ ချက်ပါ

peppers-1300830_1280

ဟင်းသီးဟင်းရွက်တစ်ခုကို အလယ်အူတိုင်ဖောက်ပြီး အစာသွပ်ဟင်းလျာတွေချက်ပြုတ်တာကလည်း ပျော်စရာကောင်းပါတယ်။

ငရုတ်သီးပွ၊ မှို၊ ခရမ်းချဉ်သီး၊ ဗုံလုံသီး အစရှိတဲ့ အသီးတွေထဲကို ထမင်း၊ မှို၊ အရွက်တွေ ၊ အသားတွေ အစာသွပ်ပြီး ချက်ရင် အရသာကလည်း ရောနှောထူးကဲ ကောင်းမွန်စေပါတယ်။

 

အသီးတွေ အရွက်တွေကို သုပ်စားပါ၊ ထောင်းစားပါ။

pexels-photo-216561

တခါတလေ အရွက်တွေကို မီးပူပေါ်တင်ပြီး ချက်ပြုတ်စားတာထက် ဒီအတိုင်း သုပ်စားတာက ပိုပြီး စားလို့ကောင်းသလို အာဟာရလည်း ပိုရှိပါတယ်။

ဥပမာ ခရမ်းချဉ်သီးသုပ်၊ မြင်းခွာရွက်သုပ်၊ သရက်သီးသုပ်၊ လက်ဖက်သုပ်၊ ဂျင်းသုပ် စတာတွေကလည်း အရသာ ထူးကဲပြီး ထမင်းမြိန်စေမှာပါ။

ပဲသိပ်မကြိုက်သူတွေအကြိုက်တွေ့မယ့် ပဲပုပ်ထောင်း၊ ချဉ်စော်ခါးသီးထောင်း၊ မရမ်းသီးထောင်း၊ ဂွေးသီးထောင်း၊ မကျည်းသီးထောင်း စတာတွေရှိရင်လည်း သွားရေတွေယိုပြီး ထမင်းစားလို့ကောင်းမှာ အသေအချာပါဘဲ။