ခါးပတ်လည်မှာ အဆီတွေ စုလာရင် အင်္ကျီတွေ ဝတ်တဲ့နေရာမှာ အဆင်မပြေတော့ပါဘူး။ အဲ့လို အဆီတွေစုလာတဲ့အကြောင်းအရင်းတွေက အများကြီးရှိပါတယ်။ ပရိုတင်းဓာတ် နည်းတာ၊ အူလမ်းကြောင်းမှာ ပြဿနာရှိတာ စတာတွေ ရှိပါတယ်။

ဝမ်းချုပ်ရင် ခါးတုပ်နိုင်

ဝမ်းခဏခဏ ချုပ်တတ်သူတွေ နဲ့ တခြား အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိသူတွေမှာ ပိန်ပေမယ့်လည်း ခါးတွေ တုပ်နေတာတွေဖြစ်တတ်ပါတယ်။

ဝမ်းချုပ်တာကတော့ ဒီနေ့ခေတ်လူတွေ အဖြစ်အများဆုံးပါပဲ။ ဒီလိုအခြေအနေတွေမှာဆိုရင် ခါးတုပ်တာတွေ ပျောက်ဖို့ဆိုရင် ဝမ်းချုပ်တတ်တာကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ (ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ကောက်ပဲသီးနှံ စတာတွေကို စားမယ်)

ရေနွေးပူပူတစ်ခွက်ထဲကို သံပရာသီး တစ်လုံးရဲ့ တစ်ဝက် ညှစ်ထည့်ပြီး ဗိုက်ထဲဘာမှ မရှိခင်မှာ သောက်မယ်။

ရေများများသောက်မယ်။

ကာဗိုဟိုက်ဒရိတ် သို့ ပရိုတင်း

ကာဗိုဟိုက်ဒရိတ် က ခန္ဓာကိုယ်ကို အားအင်တွေ ပေးစွမ်းနိုင်ပေမယ့် စားသောက်မသုံးလို့ရှိရင် အဆီအဖြစ် သိုလှောင်ထားတတ်ပါတယ်။ ပြန်လည်ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေက ဝမ်းလည်း ချုပ်စေပါတယ်။

ပရိုတင်းဓာတ်များများစားရင် ကယ်လိုရီကို ပိုလောင်ကျွမ်းစေပြီး ခါးပတ်လည်က အဆီတွေကို နည်းသွားစေပါတယ်။

ပရိုတင်းဓာတ်ကို

အသား၊ ငါး၊ ကြက်ဥ (အကာ)၊ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ အသီးအနှံခြောက်၊ မှိုတို့မှာ ရရှိနိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ် အချိုရည်တွေ ရှောင်ကြဉ်ပါ

ကာဗိုဟိုက်ဒရိတ် အချိုရည်တွေက ကိုယ်အလေးချိန်ကိုတက်စေပြီး ရေရှည်မှာဆိုရင် နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။