အားလုံးပဲမင်္ဂလာပါနော်။ အချိန်သိပ်မပေးရဘဲ အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ တိုဖူး ကင်မ်ချီ ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • တို့ဖူး ၅၀၀ ဂရမ်
  • ကင်မ်ချီ ၂ ခွက်
  • ကြက်သွန်မြိတ် အနည်းငယ်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆီ (ကြော်ရန်) အနည်းငယ်
  • ရေ (တို့ဖူး ပြုတ်ရန်)
  • ဝက်သာ်း (သို့) အမဲသား အနည်းငယ်
  • ငရုတ်သီး မှုန့် အနည်းငယ်
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း၁ ဇွန်း
  • ကြက်သွန်ဖြူ အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အိုးကိုအပူပေးလိုက်ပြီး ဆီထည့်လိုက်ပါ။ အသားထည့်လိုက်ပြီးအရင်ဆုံးအသားကို အနည်းငယ်နူးအောင်ချက်လိုက်ပါ။ အဲဒီနောက် ကင်မ်ချီနဲ့ သကြားထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။

နှမ်းဆီ ထည့်ပြီး ကြက်သွန်မြိတ်ထည့်လိုက်ကာ သေချာမွေပေးလိုက်ပါ။ ဆားနည်းနည်းထည့်လိုက်ပါ။

ပြီးရင်တော့ နှံ့အောင်မွှေပေးလိုက်ပြီး မီးဖိုပေါ်ကချလိုက်ပါ။

တို့ဖူးကိုအိုးထဲထည့်လိုက်ပြီး ရေလွှမ်းအောင်ထည့်လိုက်ကာ ဆူအောင်သည်ပေးလိုက်ပါ။ ၂ မိနစ် ၃ မိနစ်လောက်ဆိုရင်တော့ ရပါပြီ။

ရေဆစ်ချလိုက်ပြီး အတုံးလေးတွေလှီးလိုက်ပါ။

အဲဒီနောက် အပေါ်ကနေ စောစောက ကင်မ်ချီကြော်ထားတာကို အုပ်ပေးလိုက်ပြီး ကင်မ်ချီနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: www.mykoreankitchen.com

By: MyFood Myanmar