တို့ဖူးပြားကင်မ်ချီကြော် (Tofu Kimchi Jeon)

Share this on:

အစားအစာ ပြုလုပ်နည်း ၊ ချက်ပြုတ်နည်းလေးတွေ ဝေမျှတဲ့ အခါ ဟင်းပွဲကြီးတွေသာမက မနက်စာ (Breakfast) ၊  အစာပြေ စားလို့ ရတဲ့ Menu လေးတွေကိုလည်း ဖော်ပြပေးသွားမှာပါ ။  အရသာ တစ်မျိုး ထူးခြားလှသည့် ကိုရီးယား Tofu Kimchi Jeon Menu ဖြစ်ပါသည် ။

Tofu Kimchi Jeon ပြု လုပ်နည်းလေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Tofu (မြန်မာအခေါ်ပဲပြား) - ၁၅၀ ဂရမ်
  • ကင်ချီ - ၈၀ ဂရမ် (ပါးပါးနုတ်နုတ်လှီးထားပါ)
  • Flour (အကြော်မှုန့်) - ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ ကြိတ်ပြီးသား - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်နီ - ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်ဥ - ၂ လုံး
  • ဆား - အနည်းငယ်
  • ဆီ - အနည်းငယ်
  • ကြက်သွန်မြိတ် - ၃ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးအနီတောင့် - ၂ တောင့် (ပါးပါးလှီးထားပါ) ***(ကလေးများ အတွက်ဆို မထည့်ပါ ။)

ပြုလုပ်နည်း

  1. ပထမဆုံး Tofu(ပဲပြား )ကို ပန်းကန်တစ်ခုထဲ ထည့်ပြီး ကြေသွားအောင် လက်ဖြင့် ချေပါ ။
  2. ကင်ချီ ၊ ကြက်သွန်အနီ ၊ ကြက်သွန်မြိတ် ၊  Flour (အကြော်မှုန့်) ၊ ကြက်သွန်ဖြူ ၊ ဆား ၊ *** (ငရုတ်သီးအနီ) နှင့် ကြက်ဥ နှစ်လုံး ဖောက်ထည့်ပြီး အားလုံးကို သမအောင် ရောနယ်ပြီး ပုံတွင် ပြထားသည့် အတိုင်း အပြားလေး များ ပြုလုပ်ပါ ။  
  3. ပြီးလျင် ဒယ်အိုးထဲတွင် ဆီအနည်းငယ် ထည့်၍ မီးအေးအေးဖြင့် ကြော်ပါ ။ တစ်ဖက်ကို ၅ မိနစ်ခန့် ကြော်ရပါတယ် ။  နှစ်ဖက် အရောင်တူ ကျက်ပါက အသင့် စားသုံးနိုင်ပါသည် ။  
Credit: ဇွဲသုသု

Review

User Rating

0 (0 Votes)