အသုပ် - Salad | ကြက်သား - Chicken

ကြက်သားနဲ့ ခရမ်းချဉ်သီးသုပ်

September 12, 2016

ကြက်သားနဲ့ ခရမ်းချဉ်သီးသုပ်

Share this on:

ကျမကတော့ ၀မှာကြောက်တဲ့အတွက် ဆီမထည့်ဘဲ ရိုးရိုးလေး သုပ်စားတာ ကြိုက်တယ် ။  စိမ်းစိမ်းစိုစို ခရမ်းချဉ်သီးလေး သုပ်စားကြရအောင်နော် ။

ပါဝင်ပစ္စည်းများ

  • ကြက်သားကြော်
  • ခရမ်းချဉ်သီးနီ
  • ခရမ်းချဉ်သီးစိမ်း
  • ငရုတ်သီးစိမ်း
  • ကြက်သွန်နီ
  • ငါးပိမီးဖုတ် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ဟင်းအချိုမှုန့် - အနည်းငယ်
  • ရှောက်သီး (သို့) သံပုရာသီး

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သားကို ပြုတ်ကြော်လေးလုပ်ပြီး အသားများကို အမျှင်လေးများဖြစ်အောင် နွှာထားပါ ။
  2. ခရမ်းချဉ်သီးအနီ နှင့် အစိမ်းကို ထက်ခြမ်းခွဲ အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ ။ ငရုပ်သီးစိမ်းကို ပါးပါးလှီးထားပါ ။
  3. ကြက်သွန်နီကိုလည် ပါးပါးလှီး ရေဆေးထားပါ ။
  4. အားလုံး ပြင်ဆင်ပြီးလျှင် ပါဝင်ပစ္စည်းများ အားလုံး ရောထည့် ၊ ရှောက်ရည်လေးညှစ်ပြီး ၊ သုပ်နယ်ပြီးလျှင် ချဉ်ချဉ်စပ်စပ် ကြက်သားနဲ့ ခရမ်းချဉ်သီးသုပ် ရပါပြီး ။
Credit: Athae Phyu

Review

User Rating

5 (2 Votes)