ထိုင်းဟင်းလျာ ဟင်းလေးတစ်ခွက်ဖြစ်တဲ့ ခရမ်းကျွတ်သီး ဝက်ခေါက်ကြော် ထောင်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းကျွတ်သီးဖြူ – ၄ လုံး
  • ဆား
  • ငပိမီးဖုတ် – 1/2 Tsp
  •  ဝက်ခေါက်ကြော် – ၂ ထုပ်
  • ကြက်သွန်ဖြူ – ၂ တက်
  • သံပုရာသီး – တစ်လုံး
  • ကင်းမွန် ယိုးဒယားငံပြာရည် ၂ ဇွန်း (စားပွဲဇွန်း)
  • ထိုင်း ငရုတ်သီး အနီတောင့် လိုသလောက်
  • နံနံပင်

ပြင်ဆင်ပြုလုပ်နည်း

  1. ခရမ်းကျွတ်သီးဖြူလေးတွေကို ပါးပါးလှီး အစေ့ထုတ် မမဲအောင် ဆားရေစိမ်ထား ပါ ။
  2. 2. ငရုတ်ဆုံ ထဲမှာ ကြက်သွန်ဖြူ နှင့် ငရုတ်သီး အရင်ထောင်းပါ ။ ပြီးလျှင် ငပိထည့်ထောင်း ၊ ခရမ်းကျွတ်သီး ထည့်ထောင်း ၊ ဝက်ခေါက်ကြော်ကို ဖွဖွလေးထောင်းထည့်ပေးပါ ။ နောက်ဆုံး ငံပြာရည် ၊ ဆား ၊ ဟင်းခတ်မှုန့် တို့ထည့်၍ ဇွန်းနဲ့   နှံ့အောင်မွှေပြီး  ဖွဖွထောင်းပြီး နံနံပင် ကြိုက်ရင် ညှပ်ထည့်ပါ ။ ပြီးလျှင် သံပုရာရည် ညှစ်ပြီး စိတ်ကြိုက် အရသာ သုံးဆောင်နိုင်ပါသည် ။   ဆေးဘဲဥက စားချင်လို့ တွဲစားတာ ဒါပေမယ့်အရမ်းလိုက်ဖက်ပါတယ် ။

Credit: Grace’s Tiny Kitchen