အားလုံးပဲ မင်္ဂလာပါ။ ဝမ်းဗိုက်ကအဆီတွေ ပေါင်ကအဆီတွေကို ချေဖျက်ချင်ပါသလား၊ ဒါမှမဟုတ် ကျန်းမာပျော်ရွှင်စွာနဲ့နေထိုင်နိုင်ပြီး စိုပြေချောမွတ်တဲ့အသားအရေလေးပိုင်ဆိုင်ချင်တာလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် စမူသီဖျော်ရည်များကို နေ့စဉ်မှန်မှန် သောက်သုံးပေးလိုက်ပါ။

ခရမ်းချဉ်သီး၊ ဖရဲသီးနဲ့ သံပုယိုသီးပေါင်းစပ်ထားတဲ့ စမူသီ

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၂ လုံး

Photo Source: www.delightedmomma.com

  • အစိမ်းရောင်စပျစ်သီး ပန်းကန်လုံးတစ်ဝက်ခန့်
  • သံပုယိုရည် စားပွဲတင်ဇွန်း နှစ်ဇွန်းခန့်

Photo Source: www.cmhairloss.co.uk

  • ဟိမဝန္တာ ပန်းရောင်ဆား အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ခရမ်းချဉ်သီးကို ရေစင်အောင်ဆေးပြီး အတုံးသေးသေးများတုံးကာ သစ်သီးဖျော်စက်ထဲထည့်ပြီး မွှေလိုက်ပါ။ ထို့နောက် စပျစ်သီးထပ်ထည့်ပြီး ထပ်မွှေပေးပါ။ ရရှိလာတဲ့စပျစ်သီးများကို ဖန်ခွက် ၂ ခွက်ထဲ ထည့်လိုက်ပါ။ ဖန်ခွက်တစ်ခုချင်းဆီကို သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဇွန်းစီ ထည့်ပေးပါ။

ပြီးတဲ့အခါ ဟိမဝန္တာ ပန်းရောင်ဆားကို ထပ်ထည့်ပြီး သမအောင် မွှေပေးလိုက်မယ်ဆိုရင်ဖြင့် အရသာကောင်းမွန်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အပြင် ကိုယ်အလေးချိန်လျော့ချချင်သူတွေအတွက် သင့်တော်မယ့် စမူသီဖျော်ရည်ကို သုံးဆောင်နိုင်ပါပြီ။

Photo Source: www.stylecraze.com

ဒီစမူသီဖျော်ရည်လေးက အလှအပအတွက်သာမက ခရမ်းချဉ်သီး၊ စပျစ်သီးနဲ့ သံပုယိုသီး သုံးမျိုးစလုံးမှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်နဲ့အာဟာရဓာတ်တွေပါဝင်တဲ့အပြင် ကိုလက်စထရောပမာဏကိုလည်း ထိန်းညှိပေးပါတယ်။