အားလုံးပဲ မင်္ဂလာပါ။ ရာသီဥတု ပူတဲ့အခါ ထမင်းစားရတာလည်း ခံတွင်းပျက်လာတတ်ပါတယ်။ အစာစားချင်စိတ်မရှိဘူးဆိုတာနဲ့ အစားမစားဘဲနေမယ်ဆိုရင် ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။

ဒါကြောင့် ထမင်းစားတဲ့အခါ ပြန်ပြီးခံတွင်းလိုက်လာစေမယ့် ဟင်းလျာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ခရမ်းချဉ်သီး ငပိချက်လေးပါပဲ။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး – ၃ လုံး
  • ကြက်သွန်နီ (အခွံခွာပြီး) – ၁ လုံး
  • ငရုတ်သီးစိမ်း (ထက်ခြမ်း ခြမ်းပြီးသား) – ၁ တောင့်
  • ကြက်သွန်ဖြူ – ၁ မြွှာ
  • ငါးငံပြာရည်၊ နံနံပင်

ပြင်ဆင်ပြုလုပ်ပုံ

၁။ ဒယ်အိုးကို မီးအနေတော်မှာ အပူပေးကာ ခရမ်းချဉ်သီးထည့်ချက်ပါ။

၂။ ၁၂ မိနစ်လောက် မွှေပေးပြီး ပျော်လာပြီဆိုရင် ကြက်သွန်နီ၊ ငရုတ်သီးနှင့် ကြက်သွန်ဖြူထည့်ကာ နောက်ထပ် ၈ မိနစ်လောက် မွှေရင်းနဲ့ချက်ပါ။

၃။ မီးဖိုပေါ်ကချလိုက်ပြီး အေးအောင်ခဏထားလိုက်ပါ။

၄။ အေးသွားပြီဆိုရင် ကြိတ်စက်ထဲထည့်ကာ သေချာကြေညက်အောင် ကြိတ်ချေပါ။ ငါးငံပြာရည်၊ ဆားတို့နဲ့ အရသာဖြည့်စွက်ပြီး နံနံပင်လေးအုပ်လိုက်ပါ။

Source: 196flavors.com