ဂျပန် ဝက်သားပြားကြော် Tonkatsu (Pork Cutlet)

Share this on:

Tonkatsu (Pork Cutlet) ပြုလုပ်နည်းလေး ပြောပြမယ် ။   Tonkatsu ဆိုတာ ဂျပန် အစားအစာ ဖြစ်ပါတယ် ။ ကိုရီးယားဆိုင် အတော် များများမှာလည်း ရောင်းကြပါတယ် ။  ***ဝက်သားမစားသူများ ကြက်ရင်ပုံသားဖြင့် ပြု လုပ်၍ ရပါသည် ။

          

 

    10520779_1654823061463739_7423996341544264520_o

ပါဝင်ပစ္စည်းများ

  • ဝက်အသားပြား(Pork loin)
  • ဂျုံ မှုန့် (Flour)
  • ပေါင်မုန့်ခြောက်အမှုန့် (Bread Crumbs Panko)
  • ကြက်ဥ (Eggs)
  • ဆား+ငရုပ်ကောင်းမှုန့် (Salt & Black pepper)
  • (Tonkatsu ဆော့ ပြုလုပ်ရန် ပါဝင်ပစ္စည်းများ )
  • ခရမ်းချဉ်သီးဆော့ - ၁၆ ဇွန်း (စားပွဲတင်ဇွန်း)
  • ငံပြာရည် - ၇ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆန်ရှာလကာရည် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ မှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ဂျင်းမှုန့် - ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • ဆား - ၁ ဇွန်း (လဖက်ရည်ဇွန်း )

ပြုလုပ်နည်း

  1. ဝက်သားပြားသည် 1.2cm အထူရှိရပါမည် ။
  2. ပထမဆုံး ပုံဖြင့်ဖော်ပြထားသော ဝက်သားပြားကို ဓားဖြင့် ဟိုဘက် ဒီဘက် ဓားဖြင့် အရာပေးပြီး မွှန်းပါ ။
  3. ပြီးနောက် ဝက်သားပြား မျက်နှာပြင် နှစ်ဖက်စလုံးကို(ဆား ၊ ငရုပ်ကောင်းမှုန့်) ဖြူးပေးပါ ။
  4. ဝက်သားများကို ဂျုံ မှုန့်ဖြင့် ဖိပြီး ၊ နာနာခလောက်ထားသည့် ကြက်ဥ အနှစ်ရည်ဖြင့် ခဏစိမ်ကာ ပြန်ဆယ်ပြီးနောက် ၊ ပေါင်မှုန့်ခြောက် အမှုန့်ဖြင့် ဖိကပ်ကာ ပန်းကန်ပြားတစ်ခုထဲသို့ ထည့်ထားပါ ။
  5. ထို့နောက် ဆီများများ ထည့်ထားသည့် ဒယ်အိုးထဲသို့ တစ်ခုချင်း ထည့်ကြော်ပါ ။
  6. ဝက်သားပြားများ(Golden brown) ရွှေညိုရောင် သန်းလာပါက ဆယ်ယူပြီး ဆီစစ်ထားကာ ပုံတွင် ပြထားသည့် အတိုင်း လှပစွာ ပြင်ဆင်၍ အပေါ် မှ Tonkatsu ဆော့စမ်းပြီး အသင့်စားသုံးနိုင်ပါသည် ။ Tonkatsu ရယ်ဒီမိတ် ဆော့ပုလင်းကို ပုံဖြင့်ဖော်ပြပေးထားပါသည်။
  7. (Tonkatsu ဆော့ ပြု လုပ်နည်း)
  8. ခရမ်းချဉ်သီးဆော့ ၊ ငံပြာရည် ၊ ဆန်ရှာလကာရည် ၊ ကြက်သွန်ဖြူ မှုန့် ၊ ဂျင်းမှုန့်၊ ဆားတို့ကို နှံ့စပ်အာင် ရောမွှေ၍ အရသာ မြည်းကာ အသုံးပြု နိုင်ပါသည်။
  9. Tonkatsu ဆော့ အလွယ်တကူ ဝယ်ယူလို့ မရသူများနှင့် ဆော့ပြုလုပ်နည်း သိချင်သူများ အတွက်  အလွယ်တကူ အိမ်တွင် ဆော့ပြု လုပ်နိုင်စေရန် ဆော့ ပြုလုပ်နည်းအား ဝေမျှလိုက်ပါသည်။
  10. ***မှတ်ချက် - ဝက်သားမစားသူများ ကြက်ရင်ပုံသားဖြင့် ပြု လုပ်၍ ရပါသည် ။
Credit: ဇွဲသုသု

Review

User Rating

3 (6 Votes)