ညဘက် သူငယ်ချင်းတွေနဲ့ သောက်ရတာ ပျော်စရာ ကောင်းပါတယ်။ ဒါပေမယ့် မနက်ကျရင်တော့ အရက်နာကျတာက အရမ်းကို စိတ်ညစ်ဖို့ ကောင်းပြီး ပင်ပန်းပါတယ်။

အထူးသဖြင့် မနက်ဖြန်မှာ အရေးကြီးတဲ့ အစည်းအဝေးပွဲတွေရှိနေချိန်မှာ အရက်နာမကျဖို့က အရေးကြီးပါတယ်။

အရက်နာမကျစေဖို့

မနက်မိုးလင်းတဲ့အခါမှာ ရေချိုးပြီး ကိုယ်မှာရှိနေတဲ့ အရက်အငွေ့အသက်တွေ၊ ဆေးလိပ်အငွေ့အသက်တွေကို ဖယ်ရှားလိုက်ပါ။ သွားတိုက်ပြီး မီးဖိုချောင်ကို သွားလိုက်ပါ။

Does-Drinking-Hot-Water-Help-You-Lose-Weight1

ရေနွေးပူပူ

အကယ်၍ သင်သောက်လာတဲ့ Tequila သို့ မိုဂျီဒို နဲ့ တခြား အရက်တွေက သင့် အစာအိမ်ကို ဒုက္ခပေးနိုင်တယ်လို့ ထင်ရင် သူတို့ကို အစာအိမ်ကနေ တတ်နိုင်သမျှ ဖယ်ရှားဖို့ ကြိုးစားရမှာပါ။ ရေနွေးပူပူ ကို မတ်ခွက်ထဲ ထည့်ပြီး တစ်ခွက်လုံးကို တစ်ခါတည်း ပူနေတုန်း သောက်ချလိုက်ပါ။ ဒါဆိုရင် အစာအိမ်ထဲမှာရှိနေတဲ့ အရက်တွေရဲ့ ပြင်းအားကို လျော့ကျစေပြီး ဆီးခဏခဏသွားပြီး စွန့်ထုတ်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ သောက်ပြီး အန်ချင်တယ်ဆိုရင် အန်လိုက်ပါ။ ဒါဆို နေရ သက်သာသွားပါလိမ့်မယ်။

shutterstock_32710909

အေးနေတဲ့ ဆိုဒါ

အကယ်၍ သင့် အစာအိမ်က ဘီယာသောက်ရင် လေပွတတ်ပါက ရေခဲသေတ္တာထဲမှာရှိနေတဲ့ အေးတဲ့ ဆိုဒါကို ယူသောက်လိုက်ပါ။ ဒါဆို လေချဉ်တက်ပြီး ခန္ဓကိုယ်လည်း ပေါ့ပါးသွားပါလိမ့်မယ်။

lime-juice-meoct41vdt1w0fv9yjsx5c3n13zvzh90zxk5jbk2p0

သံပုရာသီး ဖျော်ရည်

အကယ်၍ ဆိုဒါမရှိရင် သံပုရာသီးကို ညှစ်ပြီး ရေနဲ့ ဖျော်သောက်လိုက်ရင် ခေါင်းမူး ခေါင်းကိုက်တာတွေ သက်သာ စေပါတယ်။

sdfdfs

အုန်းရေ

အရက်က ခန္ဓကိုယ်မှာ ရေဓာတ်ခြောက်ခမ်းအောင် လုပ်ဆောင်နိုင်တာကြောင့် ညဘက် မနက်ဘက်ကျရင် ရေငတ်ပြီး နိုးလာတာကို ခံစားမိမှာပါ။ ဒါကြောင့် အုန်းရေက ခန္ဓာကိုယ် ရေဓာတ် ပြန်လည် ဖြည့်တင်းပေးအောင် လုပ်ဆောင်ပေးပါတယ်။

miso-soup-8

မီဆို ဟင်းရည်

မီဆို ဟင်းရည် (Miso Soup) ဘဲ ဖြစ်ဖြစ် တခြားဘယ်ဟင်းရည်ဘဲ ဖြစ်ဖြစ် မနက်ဘက်ထလာရင် သောက်သင့်ပါတယ်။ ဒါက သံပုရာရည်သောက်တာနဲ့ အတူတူပါဘဲ။ ဆား အနည်းငယ်ထည့်ပြီးသောက်ပေးရင် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ Electrolytes တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

Oats-and-Banana-Protein-Shake-Recipe-1024x768

ကွေကာအုပ်နဲ့ နွားနို့

အရက်နာကျတဲ့အချိန်မှာ အကောင်းဆုံး မနက်စာက အမျှင်ဓာတ်များပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစားအစာတွေဘဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကွေကာအုပ်နဲ့ နွားနို့ပါဘဲ။ နွားနို့ နဲ့ ကွေကာအုပ် က ဗိုက်နဲ့ အစာအိမ်ကို နေသာထိုင်သာဖြစ်အောင် ကူညီပေးပါတယ်။ ငှက်ပျောသီး တစ်လုံးလောက်ပါတွဲစားပေးရင် ပင်ပန်းနေတဲ့ ကြွက်သားတွေကို သက်သာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။