ဟင်းလျာတွေကို အရသာမပျက်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်ချင်ပါသလား။ အောက်ဖော်ပြပါ နည်းလမ်းတွေက သင့်ဟင်းလျာရဲ့ အရသာကိုမပျက်စေဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင်ချက်ပြုတ်ဖို့ကို ကူညီပေးမှာဖြစ်ပါတယ်။

20100226-howtosaltfood2

ဆားအသုံးပြုမှုကို လျော့ပါ

ဟင်းလျာတွေအားလုံးနီးပါးက ဆားအသုံးပြုဖို့ လိုပါတယ်။ ဆားကို အနည်းငယ်ဘဲ သုံးပြီး ငရုတ်ကောင်း၊ အရွက်တချို့၊ ဟင်းခတ်အမွေးအကြိုင်၊ သံပုရာရည်၊ ရှာလကာရည် နဲ့ မုန်ညှင်းဆီ စတာတွေကို ထည့်ပေးလို့ရပါတယ်။

ဆားစားသုံးတာများရင် သွေးတိုး၊ ကျောက်ကပ် ရောဂါ၊ ခေါင်းကိုက်၊ ခန္ဓာကိုယ် ရောင်ရမ်းတာတွေနဲ့ အာရုံမစိုက်နိုင်တာတွေ ဖြစ်တတ်ပါတယ်။

sugar-2-e1462898400709

သကြား အသုံးပြုမှုကို လျော့ပါ

သကြားကလည်း ကျန်းမာရေးအတွက် မကောင်းတာကြောင့် အသုံးပြုမှုကို လျော့သင့်ပါတယ်။ ကိတ်မုန့်တွေ ဖုတ်တဲ့နေရာမှာ သကြားအသုံးပြုတာနည်းရင် ကိတ်မုန့်ရဲ့ အရသာ ပိုကောင်းတတ်ပါတယ်။ ဥပမာ သစ်သီး ကိတ်မုန့်တွေ၊ အသီးခြောက်တွေနဲ့ ဖုတ်တဲ့ ကိတ်မုန့်တွေမှာ အသီးတွေက အချိုဓာတ်တွေကို ပံ့ပိုးပြီးသား ဖြစ်တာကြောင့် သကြားသိပ်မလိုပါဘူး။

သကြား စားသုံးတာများရင် ရုပ်ရင့်စေတတ်ပြီး၊ ခန္ဓာကိုယ် ရောင်ရမ်းတာ၊ စိတ်ကမောက်ကမ ဖြစ်စေတာ၊ နှလုံးရောဂါနဲ့ သွေးတွင်း အချိုဓာတ်ကိုမြင့်စေပြီး ဆီချိုရောဂါတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

High Fiber Fruits

အမျှင်ဓာတ်ပါတဲ့ အစားအစာကို စားပါ

ဖြစ်နိုင်ရင်တော့ ဆန်အညို ၊ ပေါင်မုန့် အညို တို့ စတဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာကို စားသုံးပေးပါ။ ဒါမှ အချိန်ကြာတဲ့အထိ ဗိုက်ပြည့် နေနိုင်မှာပါ။ အမျှင်ဓာတ်ပါတဲ့ အစားအစာကို စားသုံးရင် အစာခြေစနစ်ကို ထောက်ပံ့ပေးပြီး ၀မ်းချုပ်တာကို ကာကွယ်ပေးကာ ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။

vegetable-2573149_960_720

အသီးအရွက်များ

အသီးအရွက်တွေကိုများများ ချက်ပြုတ်စားသုံးပေးပါ။ အသီးအရွက်ကို ချက်ပြုတ်တဲ့နေရာမှာလည်း ထောပတ်နဲ့ ဆီတွေ များများ သုံးမယ့်အစား ဆေးဘက်ဝင်အရွက်တွေ ဒါမှမဟုတ် ဟင်းခတ်အမွေးအကြိုင်အနည်းငယ်သုံးသင့်ပါတယ်။

Fish-meat-and-proteins-500x364

အသား၊ငါး

အသား၊ ငါးတွေကို ချက်ပြုတ်ရာမှာ ဆီအသုံးပြုမှုတွေ တတ်နိုင်သမျှ နည်းအောင်နဲ့ အဆီတွေ တတ်နိုင်သမျှ မပါအောင် ချက်သင့်ပါတယ်။ တတ်နိုင်ရင် ကြက်သားမှာ အရေခွံတွေက အရသာရှိပေမယ့် အဆီဓာတ်ပါဝင်မှုတွေ အရမ်းများတာကြောင့် ကျန်းမာရေးအတွက် မကောင်းပါဘူး။

 

သုံးမယ့် ပစ္စည်းတွေရဲ့ အချက်အလက်တွေကို သေချာသိထားဖို့

ဈေးဝယ်စင်တာတွေမှာဘဲဖြစ်ဖြစ် ကုန်စုံဆိုင်တွေမှာဖြစ်ဖြစ် ပစ္စည်းတွေဝယ်ယူတဲ့အခါ အထူးသဖြင့် ဟင်းလျာတွေထဲထည့်ဖို့ ၀ယ်ယူတဲ့အခါမှာ ပစ္စည်းရဲ့ လုံခြုံ စိတ်ချရမှု၊ ကျန်းမာရေးနဲ့ ဘေးကင်းမှုတွေကို ဂရုပြုသင့်ပါတယ်။

ကျန်းမာရေးအတွက် စိတ်ချရတဲ့ ပစ္စည်းတွေရဲ့ အနောက်ဘက်မှာ ပါဝင်ပစ္စည်းတွေရဲ့ ရာခိုင်နှုန်းတွေ၊ ထုတ်လုပ်မှုပုံစံတွေနဲ့ အသိအမှတ်ပြု လက်မှတ် တွေအကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြလေ့ရှိတာကြောင့် ကြည့်ရှုသင့်ပါတယ်။

ခနော

ခနောကြက်သားမှုန့်က ဟင်းလျာတွေကို အနံ့အရသာ ပိုကောင်းအောင် ကူညီပေးပါလိမ့်မယ်။

ခနောက ကမ္ဘာလုံးဆိုင်ရာ အစားအသောက် လုံခြုံရေး ဦးဆောင်မှု အဖွဲ့ ဖြစ်တဲ့ Global Food Safety Initiative (GFSI)ကနေ အသိအမှတ်ပြုလက်မှတ် FSSC 22000 လက်မှတ်ရထားတဲ့ မြန်မာနိုင်ငံက တစ်ဦးတည်းသောအဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် ခနောမှာ အစားအသောက်ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု မြင့်မားတဲ့ အဖွဲ့ဖြစ်ပါတယ်။

အဲ့ဒီအပြင် အစားအသောက်လုံခြုံရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ထုတ်ပေးတဲ့ FCP နဲ့ FSP အသိအမှတ်ပြုလက်မှတ်တွေ ရရှိထားပါတယ်။

အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ ထုပ်ပိုးမှုစနစ်တွေကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ SEAC အဖွဲ့ ကနေလည်း အသိအမှတ်ပြုခံထားရပါတယ်။