ဝိတ်ကျချင်ပေမယ့် အစားလေးကလည်းစားချင်နေသေးတယ်ဆိုရင်တော့ ဒါလေးကိုသာ အဆုံးထိဖတ်ကြည့်လိုက်ပါ။ ဝိတ်ကျစေဖို့အတွက် အထောက်အကူပြုတဲ့အစားအစာတွေ များစွာရှိပါတယ်။ အဲ့ထဲကမှ လွယ်လွယ်ကူကူနဲ့ ဝယ်ယူစားသောက်နိုင်မယ့် အစားအစာတွေကို ဝိတ်ကျချင်တဲ့မိန်းကလေးတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ကြက်ဥ

Source: www.womensok.com

ကြက်ဥပြုတ်ဟာ ဝိတ်ကျစေဖို့အတွက် အထောက်အကူပြုပါတယ်။ မနက်စာကို ကြက်ဥပြုတ်တစ်လုံးစားပေးလို့ ရပါတယ်။ ညနေစာမစားပဲ ဝိတ်ချနေတဲ့အခါမျိုးမှာလည်း ကြက်ဥပြုတ်ကို အစားထိုးပြီး စားပေးလို့ရပါတယ်။

အစိမ်းရောင်အသီးအရွက်များ

Source: www.womensok.com

အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေဟာ ဝိတ်ကျစေဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ ညစာမစားပဲ အသီးအရွက်တွေကို Mayonnaise နဲ့ နယ်ပြီးစားပေးရင် ဝိတ်ကျစေပါတယ်။ အစိမ်းရောင်အသီးအရွက်များများစားပေးတာက ဝိတ်လည်းကျစေတဲ့အပြင် အသားအရေလည်းလှပစေပါတယ်။

အာလူးမီးဖုတ်

Source: www.womensok.com

အာလူးကိုမီးဖုတ်ပြီးစားတာဟာ ဝိတ်ကျစေဖို့အတွက် အရမ်းကိုအထောက်အကူပြုပါတယ်။ မနက်စာ (သို့) ညနေစာကို အာလူးမီးဖုတ်စားပေးလို့ရပါတယ်။

သစ်သီးများ

Source: www.womensok.com

သစ်သီးများများစားပေးခြင်းက ဝိတ်ကျစေဖို့အတွက် အရမ်းကိုအထောက်အကူပြုပါတယ်။ အရည်ရွှမ်းတဲ့အသီးတွေဆို ပိုကောင်းပါတယ်။ ဝိတ်လည်းကျစေတဲ့အပြင် အသားအရေလည်းလှပစေပါတယ်။

Green Tea

Source: www.womensok.com

Green Tea ကို မနက်တစ်ခွက်၊ နေ့လည်တစ်ခွက်၊ ညတစ်ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ဝိတ်မြန်မြန်ကျစေတဲ့အပြင် အသားအရေလည်းလှပစေပါတယ်။ ကျန်းမာရေးလည်းကောင်းမွန်စေပါတယ်။

Greek Yogurt (ဂရိဒိန်ချဉ်)

Source: www.womensok.com

Greek Yogurt (ဂရိဒိန်ချဉ်) ကိုစားပေးခြင်းကလည်း သိသိသာသာဝိတ်ကျစေပါတယ်။ ညနေပိုင်းမှာစားပေးရင် ပိုကောင်းပါတယ်။