ကျန်းမာရေး - Health

သွား နဲ့ ခံတွင်းကို ထိခိုက်ပျက်ဆီးစေတဲ့ အစားအစာ (၉) မျိုး

June 8, 2017

သွား နဲ့ ခံတွင်းကို ထိခိုက်ပျက်ဆီးစေတဲ့ အစားအစာ (၉) မျိုး


Share this on:

သွားကျန်းမာရေးဟာ လူတစ်ယောက်အတွက် သိပ်ကိုအရေးကြီးပါတယ်နော်။ သင့်ရဲ့ လှပတဲ့ သွားလေးတွေကို ထိခိုက်ပျက်ဆီးစေတဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

၁။ သကြားလုံးတွေ

MH_hardcandy

သကြားလုံးတွေဟာ ကြည့်လိုက်ရင် စားချင်စရာလေးဖြစ်ပြီး ကလေးတွေလည်း သိပ်ကိုကြိုက်ကြပါတယ်။ ဒါပေမယ့် ဒီ သကြားလုံးလေးတွေဟာ သွားတွေကို ထိခိုက်ပျက်ဆီးစေပါတယ်။ သကြားလုံးတွေကို ကိုက်မိရင် သွားကျိုးတာ (သို့) သွားပဲ့တာတွေဖြစ်စေပါတယ်။ အချိန်တန်ကြာစားမယ်ဆိုရင်တော့ သွားခေါင်းပေါက်ဖြစ်တာ သွားတွေကို ယိုယွင်းပျက်ဆီးစေတာမျိုးဖြစ်စေပါတယ်။ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ သကြားမပါတဲ့ ပီကေကို ပြောင်းဝါးပေးပါ။

၂။ ရေခဲတုံး

MH_ice_480x360

တကယ်တော့ ရေခဲတုံးဆိုတာ ရေနဲ့လုပ်တာဖြစ်ပြီး သကြားလည်းမပါဝင်လို့ သွားအတွက်ကောင်းမွန်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ရေခဲတုံးတွေဟာ ၀ါးစားဖို့အတွက်မဟုတ်ပါဘူး။ ၀ါးလိုက်ရင် သင့်ရဲ့သွားလေးတွေကို ထိခိုက်ပျက်ဆီးစေနိုင်ပါတယ်။ ရေခဲအစား ရေသောက်ပါ။

၃။ Citrus Fruit (အချဉ်ဓါတ်ပါတဲ့အသီး)

MH_citrusfruit

သံပုယိုသီး ၊ သံပုရာသီး၊ လိမ္မော်သီး၊ Grapefruit စတဲ့ အက်ဆစ်ပါတဲ့ အသီးတွေဟာ သင့်ရဲ့သွားလေးတွေကို ကြွေစေပြီး အချိန်တွေကြာလာတာနဲ့အမျှ သွားတွေ ယိုယွင်းပျက်ဆီးလာစေပါတယ်။ သံပုယိုသီး (သို့) သံပုရာသီးကို ရေထဲညှစ်ပြီးသောက်တာကတော့ ခန္တာကိုယ်အတွက်ပါကောင်းမွန်ပေမယ့် သင့်ခံတွင်းကျန်းမာရေးအတွက်တော့အကောင်းဆုံး နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ အဲဒီအစား ရိုးရိုးရေပဲသောက်ပါ။

၎။ ကော်ဖီ

MH_coffee

ကော်ဖီ နဲ့ လက်ဖက်ရည် (ရေနွေးကြမ်း (သို့) ခါးရည်) တွေဟာ လူအများစု ရွေးချယ်သောက်သုံးကြပါတယ်။ ဒါပေမယ့် သကြားမထည့်ဘဲ သောက်တာရှားပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည်မှာပါတဲ့ ကဖိန်းဓါတ်ဟာ သင့်ရဲ့ခံတွင်းကိုခြောက်သွေ့စေပါတယ်။ မကြာခဏသောက်ပေးမယ်ဆိုရင် သွားလေးတွေကို ပျက်ဆီးစေပါတယ်။

၅။ စေးကပ်တဲ့အစားအစာတွေ

MH_StickyFoods

ကျန်းမာတဲ့ သရေစာအဖြစ် လူတွေအများစုဟာ အခြောက်လှန်းထားတဲ့အသီးတွေ ယိုတွေ စားသုံးကြပါတယ်။ ဒါပေမယ့် အဲဒီသရေစာတွေဟာ စေးကပ်တဲ့အစားအစာတွေဖြစ်ပြီး သင့်ရဲ့ သွားလေးတွေကို ထိခိုက်ပျက်ဆီးစေပါတယ်။ စားပြီးတိုင်းမှာ ပလုတ်ကျင်းပေးဖို့လိုသလို သွားသေချာတိုက်ပေးဖို့လိုပါတယ်။

၆။ အာလူးကြော်

MH_chips

အာလူးကြော်မှာ ကော်မှုန့်တွေအများအပြားပါဝင်ပြီး သင့်ရဲ့သွားလေးကို ပျက်ဆီးစေပါတယ်။ လူတွေအများစု ကြိုက်ပြီး စားသုံးကြတဲ့ အားလူးကြော်လို အစားအစာတွေဟာ သွားချိုး (ဂျိုး) တွေဖြစ်ပေါ်စေပါတယ်။

၇။ ဆိုဒါ (Soda)

MH_soda

သကြားပါဝင်တဲ့အစားအစာတွေ (သို့) အချိုရည်တွေကို ရေရှည်သောက်သုံးမယ်ဆိုရင်တော့ သွားဂျိုးတွေဖြစ်ပေါ်စေပြီး သင့်ရဲ့ သွားလေးတွေကို ထိခိုက်ပျက်ဆီးစေပါတယ်။ဆိုဒါ ၊ ကိုလာ အပါအ၀င် Softdrinks တွေဟာ သင့်ရဲ့ သွားလေးတွေကို ထိခိုက်ပျက်ဆီးစေပါတယ်။ ဒီလို Softdrink တွေသောက်တိုင်း ရေတစ်ခွက် သောက်ပေးပါ။

၈။ အရက်

MH_alcohol

အရက်ဟာ ရေဓါတ်ခမ်းခြောက်စေပြီး ခံတွင်းခြောက်စေပါတယ်။ အရက်များများသောက်တဲ့သူတွေဟာ သွားပိုးစားတာ သွားတွေ ယိုယွင်းပျက်ဆီးတာနဲ့ သွားဖုံးရောဂါတို့လို့ ခံတွင်းရောဂါကူးစက်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ အရက်များများသောက်တာဟာ ခံတွင်းကင်ဆာ ဖြစ်ပွားမှုကို မြင့်မားစေပါတယ်။

၉။ အားဖြည့်အချိုရည်တွေ

MH_sports-drink_480x360

အားဖြည့် အချိုရေတွေဟာအားကစားသမားတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက် အထောက်အကူဖြစ်နိုင်ပေမယ့် အမြဲတမ်းအတွက် (ကိစ္စတော်တော်များများအတွက်) မလိုအပ်ပါဘူးလို့ ကလေးအထူးကု အမေရိန်ကန် အကယ်ဒမီ American Academy of Pediatrics အသင်း ကပြောပါတယ်။ သကြားပါဝင်မှုနည်းတဲ့ အချိုရည် (သို့) ရေကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။

Review

User Rating

1.5 (4 Votes)