သင့်ကလေးကို ကျောင်းမှာ ပိုတော်တဲ့သူတစ်ယောက် ဖြစ်စေချင်ပါသလား။ ဒါဆိုရင်တော့ အစားအသောက်ကို ဂရုစိုက်ဖို့လိုပါတယ်နော်။ ဦးနှောက်ဖွံဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့ အစားအစာတွေကို စားပေးမယ်ဆိုရင် သင့်ကလေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေသလို၊ ဦးနှောက်စွမ်းဆောင်ရည်၊ မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။

girl-kids-training-school-159782

ဦးနှောက်ဟာ ကျွန်မတို့ စားလိုက်တဲ့ အစားအစာထဲက အာဟာရဓာတ်တွေကို ပထမဆုံး စုပ်ယူတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုလည်းဖြစ်ပါတယ်။

ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့အတွက် အာဟာရဓာတ်တွေအများကြီးလိုအပ်ပါတယ်။ ဒီနေ့မှာတော့ ကလေးတွေ ကျောင်းမှာ ပိုတော်တဲ့သူတစ်ယောက်ဖြစ်ဖို့ ကူညီပေးမယ့် အစားအစာတွေကို မျှဝေပေးပါမယ်။

၁။ ဆဲလ်မွန်ငါး

salmon-518032_960_720

ဆဲလ်မွန်ငါးမှာ ဦးနှောက်ဖွံ့ဖြိုးရေးနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုအတွက် လိုအပ်တဲ့ Omega-3 Fatty Acids တွေဖြစ်တဲ့ DHA နဲ့ EPA ပါဝင်ပါတယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်အရ Fatty Acids စားသုံးမှု များတဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ စွမ်းရည် ပိုကောင်းလာကြတယ်လို့ ဆိုပါတယ်။ တူနာငါးမှာလည်း Omega-3 ပါဝင်ပေမယ့် ဆဲလ်မွန်ငါးလောက် ပါဝင်မှု မများပါဘူး။ ဒါ့ကြောင့် ဆဲလ်မွန်ငါးများများစားပါ။

၂။ မြေပဲ

food-peanut-nuts-39319

မြေပဲမှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဗီတာမင် E ဓာတ်ဟာ အာရုံကြော အမြှေးပါးကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် E မှာ Natural Vitamin E နဲ့ Synthetic Vitamin E ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီဓာတ်နှစ်မျိုးလုံးက ဇီဝရရှိမှု (Bioavailability) အတွက် လိုအပ်ပါတယ်။ ဒါပေမယ့် Synthetic Vitamin E ကတော့ ဇီဝရရှိမှု တစ်ဝက်ခန့်သာရှိပြီး Natural Vitamin E ကတော့ ဇီဝရရှိမှု အပြည့်ရရှိစေတာကြောင့် အာဟာရဓာတ်စုပ်ယူမှု ပိုမိုအားကောင်းစေပါတယ်။ ဓာတ်တိုးမှုကို ကာကွယ်ပေးနိုင်လို့ ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်။

၃။ ဥများ

ဥတွေမှာ ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တယ်လို့ လူသိများကြပါတယ်။ ဒါပေမယ့် ကြက်ဥအနှစ်မှာ Choline ဆိုတဲ့ မှတ်ဥာဏ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေတဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့ စားပေးသင့်ပါတယ်။

၎။ နှံစားသီးနှံများ

ကလေးတွေအတွက် ဦးနှောက်ဖွံ့ဖြိုးစေတဲ့ ထိပ်တန်းအစားအစာများ

ဆန်၊ ဂျုံ၊ ပြောင်း စတဲ့ နှံစားသီးနှံတွေမှာ အမျှင်ဓာတ်တွေပါဝင်ပြီး ခန္ဓာကိုယ်အတွင်းရှိ ကလူးကို့စ်ဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဗီတာမင် B ပါဝင်လို့ အာရုံကြော စနစ်ကို ကျန်းမာစေပါတယ်။

၅။ ကွေကာအုပ်

ကွေကာအုပ်ဟာ အာဟာရဓာတ် ကြွယ်ဝစွာပါဝင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် စားပေးသင့်တဲ့ အစားအစာပါ။ ကလေးတွေအတွက် လိုအပ်တဲ့ အားအင်တွေကို ထုတ်ပေးပါတယ်။ဒါ့ကြောင့် မနက်စာအဖြစ် စားပေးသင့်ပါတယ်။ ကွေကာအုပ်မှာ ဗီတာမင်E, B, ပိုတက်ဆီယမ် ဓာတ်တွေပါဝင်ပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို ပြည့်ဝစေပါတယ်။

၆။ ဘယ်ရီသီးများ

background-2277_960_720

စတော်ဘယ်ရီ၊ ချယ်ရီ၊ ဘလူးဘယ်ရီ စတဲ့ ဘယ်ရီသီးတွေမှာ Antioxidants, ဗီတာမင် C ပါဝင်လို့ ကင်ဆာ ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိမှုအရ ဘယ်ရီသီးတွေဟာ မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေတယ်လို့ ဆိုပါတယ်။

၇။ ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ် နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်လို့ ကလေးတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ တွေးခေါ်မှုအတွက် အကောင်းဆုံး အစားအစာတစ်ခုပါပဲ။ ဒါ့ကြောင့် ပဲကို ကလေးတွေရဲ့ နေ့လည်စာအဖြစ် ထည့်ပေးသင့်ပါတယ်။

၈။ အသီးအရွက်များ

salad-fresh-food-diet-54322

ခရမ်းချဉ်သီး၊ ကန်ဇွန်းဥ၊ ဖရုံစေ့၊ မုန်လာဥနီနဲ့ Spinach ရွက်စတဲ့ အသီးအရွက်တွေမှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ဦးနှောက်ဆဲလ်တွေကို သန်စွမ်းကျန်းမာစေပါတယ်။

၉။ နို့နဲ့ ဒိန်ချဉ်

pexels-photo-236010

နို့ထွက်အစားအစာတွေမှာ ပရိုတင်းဓာတ်နဲ့ ဗီတာမင် B တွေပါဝင်လို့ ဦးနှောက် တစ်ရှူးတွေ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပါတယ်။ နွားနို့နဲ့ ဒိန်ချဉ်မှာဆိုရင်လည်း ပရိုတင်းဓာတ်နဲ့ ကာဗွန်ဟိုက်ဒရိဒ်ဓာတ် ကြွယ်ဝလို့ ဦးနှောက်စွမ်းအင်ကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။

၁၀။ အမဲသား

Meat Cook Goulash Main Course Beef Eat Court

သံဓာတ်ဟာ ကလေးတွေအားအင်နဲ့ အာရုံစူးစိုက်နိုင်မှုကို ကူညီပေးတဲ့ အာဟာရဓာတ်ပါပဲ။ အမဲသားဟာ သံဓာတ်မြင့်မားစွာ ရရှိစေပါတယ်။ အမဲသားမှာ ဇင့် (Zinc) ဓာတ်ပါဝင်လို့ မှတ်ဥာဏ်ကောင်းဖို့လည်း အကူအညီဖြစ်စေပါတယ်။

Pituitary_gland_image

Similac