ပျားရည်ဟာ ကမ္ဘာ့အကျန်းမာဆုံး အစားအစာပါ။ ပျားရည်ကို ရေနွေးနဲ့ သောက်ပေးခြင်းဟာ ကျန်းမာရေးကို မြင့်တင်ပေးပြီး အရွယ်တင်စေတဲ့ နည်းလမ်းတစ်ခုပါပဲ။ မနက်တိုင်း ပျားရည်သောက်ပေးခြင်းဟာ တစ်နေကုန် ရောဂါဘယတွေကို ကာကွယ်ပေးနိုင်ပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

၁။ လည်ချောင်းနာခြင်းကို သက်သာစေနိုင်

ပျားရည်ကို ရေနွေးနဲ့ သောက်ခြင်းဟာ အအေးမိခြင်းနဲ့ တုပ်ကွေးကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းကိုပါ သက်သာစေနိုင်ပါတယ်။

၂။ အဆိပ်တွေကို ထုတ်ပစ်နိုင်

ပျားရည်ဟာ ကိုယ်ထဲက အဆိပ်တွေကို ထုတ်ပစ်ဖို့ အကောင်းဆုံး အရာပါ။ အစာကို ကြေစေပြီး အူအတွင်း သန့်စင်စေနိုင်ပါတယ်။ သံပုရာရည်ပါ ထည့်ပေါင်းလိုက်ရင် ပိုကောင်းတဲ့  အဆိပ်ထုတ် အရည်ကို ရနိုင်ပါတယ်။

drink-water-in-combinati

၃။ ကိုယ်ခံအားကို တိုးတက်စေနိုင်

အင်ဇိုင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ ပျားရည်ဟာ ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ ကိုယ်ခံအား တိုးတက်လာတဲ့ အခါ ရောဂါတွေဟာ အလွယ်တကူ မဝင်နိုင်တော့ပါဘူး။

၄။ ဓာတ်မတည့်ခြင်းကို လျှော့ချနိုင်

ပျားရည်ရေနွေးဟာ သွေးထဲမှာ ရှိတဲ့ဓာတ်မတည့်ခြင်းကို နည်းနိုင်သမျှ နည်းအောင် လျှော့ချပေးနိုင်ပါတယ်။

၅။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်

ပျားရည်ဟာ ကိုလက်စထရောကို ထိန်းပေးနိုင်ပြီး နှလုံးရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းပေးနိုင်တဲ့ အတွက် အလွယ်တကူ သွေးမတိုး စေနိုင်ပါဘူး။