ကလေးတွေဟာ အာဟာရဓာတ်ညီညွှတ်မျှတအောင် စားပေးသင့်တယ်ဆိုတာ မိဘတိုင်း ကြားဖူးကြမှာပါ။ ဒါပေမယ့် အာဟာရဓာတ်ညီညွှတ်မျှတအောင် ဘယ်လိုစားရမလဲဆိုတာကတော့ လူတိုင်းမသိကြပါဘူး။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို နေ့စဉ်ကျွေးသင့်တဲ့ ထိပ်တန်း အာဟာရဓာတ်တွေကို မျှဝေပေးသွားပါမယ်။

၁။ ပရိုတင်းဓာတ်

boiled-egg-on-bread

ပရိုတင်းဓာတ်ဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်ဆဲလ်တည်ဆောက်မှုအတွက်ကူညီပေးပြီး၊ အစားအစာတွေကို အားအင်အဖြစ် ပြောင်းလဲပေးနိုင်သလို၊ ကူးစက်ရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ (အသား၊ ကြက်၊ဘဲ၊ ငါး၊ ဥများ၊ အခွံမာသီးများ၊ ပဲ နဲ့ နို့ထွက်ပစ္စည်းများ)

၂။ အဆီဓာတ်

အဆီဓာတ်ဟာ ကလေးတွေရဲ့ အားအင်အတွက် အခြေခံကျတဲ့ အာဟာရဓာတ်တစ်မျိုးပါပဲ။ ( နို့ထွက်ပစ္စည်းတွေ၊ ငါးတွေ၊ အခွံမာသီးတွေမှာ တွေ့ရပါတယ်။)

၃။ ကယ်လ်ဆီယမ်

pexels-photo-236010

ကယ်လ်ဆီယမ်ဓာတ်ဟာ ကလေးတွေရဲ့ အရိုးကျန်းမာရေးနဲ့ သွားဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ကြွက်သား၊ အာရုံကြောနဲ့ နှလုံးရဲ့ လုပ်ဆောင်မှုအတွက်လည်း အရေးပါလှပါတယ်။ ( ကယ်လ်ဆီယမ်ဓာတ်ကို နို့၊ ချိစ်၊ ဒိန်ချဉ်၊ ကြက်ဥအနှစ်၊ ပန်းမုန်လာစိမ်း၊ တို့ဖူးတို့မှာ ရရှိနိုင်ပါတယ်။)

၎။ သံဓာတ်

abstract_barbecue_barbeque_bbq_beef_bone_britain_british-819288.jpg!d

သံဓာတ်ဟာ ကလေးတွေရဲ့ သွေးတွေတည်ဆောက်ရာမှာ လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ (သံဓာတ်မြင့်မားတဲ့ အစားအစာတွေကတော့ အနီရောင် အသားတွေ၊ အသည်း၊ နှံစားသီးနှံ၊ ပဲအမျိုးမျိုး တို့မှာ ရရှိနိုင်ပါတယ်။)

၅။ အမျှင်ဓာတ်

အမျှင်ဓာတ်ဟာလည်း ကလေးတွေ ၀မ်းမှန်စေဖို့အတွက်လိုအပ်တဲ့ အာဟာရဓာတ်ပါ။ နောက်ပိုင်း အသက်ကြီးလာတဲ့အခါ နှလုံးရောဂါ၊ ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ (အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာတွေကတော့ နှံစားသီးနှံ (cereal)၊ အစေ့အဆံများ၊ အခွံမာသီးများ စတာတွေဖြစ်ပါတယ်။)

၆။ ဗီတာမင် A

carrots-382686_960_720

ဗီတာမင် A ဟာ ကလေးတွေအတွက် အဓိက အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါပဲ။ မျက်လုံးအတွက် ကောင်းမွန်ပြီး၊ အသားအရေကို ကျန်းမာစေသလို၊ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ (ဗီတာမင် A ဓာတ်ကို မုန်လာဥနီ၊ ကန်ဇွန်းဥ၊ ပန်းမုန်လာစိမ်း၊ ဂေါ်ဖီထုပ်၊ ငါးကြီးဆီ တွေမှာရရှိနိုင်ပါတယ်။)

၇။ ဗီတာမင် C

happy-little-boy-eats-strawberries

ဗီတာမင် C ဟာ အအေးမိ ဖျားနာခြင်းကို တိုက်ထုတ်ပေးနိုင်တဲ့အပြင် တခြားအကျိုးကျေးဇူးတွေလည်း များစွာရှိပါတယ်။ သွေးကြောနံရံတွေကို သန်မာစေပြီး၊ ထိခိုက်ရှနာတာကို သက်သာစေသလို၊ သွားနဲ့ အရိုး သန်မာစေတဲ့ အာဟာရဓာတ်တစ်မျိုးပါပဲ။ (ဗီတာမင် C ဓာတ်ကို လိမ္မော်သီး တို့လို Citrus အသီးတွေ၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ အာလူး၊ ပန်းမုန်လာစိမ်း၊ သင်္ဘောသီးတွေမှာ ပါဝင်ပါတယ်။)

၈။ သဘာဝ ဗီတာမင် E

Vitamin_E_(31992676570)

သဘာဝ ဗီတာမင် E မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေပါဝင်လို့ ဆဲလ်တွေ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ကလေးတွေရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက်လည်း Vitamin E က အရေးပါတဲ့ဓာတ်ပါ။ ဗီတာမင် Eမှာ Natural Vitamin E (သဘာဝဗီတာမင် E) နဲ့ Synthetic Vitamin E (ပြုပြင်ထားသော ဗီတာမင် E) ဆိုပြီး နှစ်မျိုးရှိပါတယ်။

Natural Vitamin E က Bioavailable ဆိုတဲ့ ဇီဝရရှိမှု ၁၀၀% ရရှိနိုင်ပါတယ်။

Natural Vitamin E က Synthetic Vitamin E ထက်နှစ်ဆ ပိုပြီး အကျိုးရှိစေပါတယ်။

ခန္ဓာကိုယ်ကလည်း Natural Vitamin E ရဲ့ တစ်ရှူးတွေကို Synthetic Vitamin E ထက်ပိုပြီး ထိန်းသိမ်းနိုင်ပါတယ်။

၉။ DHA

DHA ဟာ ကလေးတွေရဲ့ ဥာဏ်ရည်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုအတွက် အဓိကအရေးပါတဲ့ အာဟာရဓာတ်ပါ။

food_salmon_teriyaki_cooking-889300.jpg!d

DHA ဓာတ်ကို – ငါးကြီးဆီ၊ ဆဲလ်မွန်ငါး၊ တူနာငါး၊ ရေညှိ၊ အခွံမာသီးနဲ့ အစေ့အဆံတွေ၊ အသီးအရွက်တွေမှာရရှိနိုင်ပါတယ်။

Similac