အိပ်ချင်နေရင်၊ အလုပ်လုပ်ရတာများလို့ ပင်ပန်းနေရင် ကော်ဖီသောက်လိုက်ရင်တော့ လန်းဆန်းသွားပါလိမ့်မယ်။

ဒါပေမယ့် တချို့က ကော်ဖီကို မကြိုက်လို့ဖြစ်စေ၊ကျန်းမာရေးကြောင့် သောက်လို့မရတဲ့အချိန်တွေမှာ ဦးနှောက်ကို လန်းဆန်းစေအောင်ပြုလုပ်နိုင်တဲ့ တခြားနည်းလမ်းလေးတွေ ရှိပါသေးတယ်။

သံပုရာသီး ကိုက်လိုက်ပါ

သံပုရာသီးမှာ ချဉ်တဲ့အရသာ ပြင်းပြင်းရှိတာကြောင့် မျက်နှာကို ရိုက်ခံလိုက်ရသလိုဘဲ ရုတ်တရပ် လန်းဆန်းသွားပါလိမ့်မယ်။

မျက်နှာကို ရေအေးနဲ့သစ်လိုက်ပါ

သင့်မျက်တောင်တွေစင်းလာပြီ၊ အိပ်ချင်လာပြီဆိုရင် ရေခဲရေကိုလက်ခုပ်ထဲထည့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆိုရင် ရုတ်တရက် လန်းဆန်းလာပါလိမ့်မယ်။

ရေကို လက်ကောက်ဝတ်အပေါ် ဖွင့်ချလိုက်ပါ

သင်လိမ်းထားတဲ့ မိတ်ကပ်တွေမပျက်ချင်ဘူးဆိုရင် ရေကို သင့်လက်ကောက်ဝတ်အပေါ်ကိုဖွင့်ချလိုက်ပါ။ ဒါဆိုရင်လန်းဆန်းသွားပါလိမ့်မယ်။

နားကို နှိပ်နယ်ပါ

အိပ်ချင်လာရင် နား၂ ဖက်ကို လက်နဲ့ နာနာဆွဲလိုက်ပါ။ ဒါဆိုရင် အိပ်ချင်တာတွေ၊ နုံးနယ်နေတာတွေပျောက်သွားပါလိမ့်မယ်။

အားနဲ့အော်လိုက်ပါ

အားနဲ့အော်ခြင်းက ဦးနှောက်ကို အေးစေပါတယ်။ ပင်ပန်းတာ၊ ပျင်းနေတာတွေဖြစ်ရင် ဦးနှောက်ရဲ့အပူချိန် မြင့်တက်လာပါတယ်။ ဒါ့ကြောင့် အော်လိုက်ရင် ဦးနှောက်အပူချိန် ကျဆင်းသွားပါတယ်။ ဒါ့ကြောင့် တစ်ကြိမ် ကို ၇ ခါကနေ ၁၀ ခါလောက် အားနဲ့အော်သင့်ပါတယ်။

ဒါဆိုရင် စိတ်ဖိစီးမှုတွေလည်း ပျောက်သလို၊ ဦးနှောက်ကိုလည်း လန်းဆန်းစေပါတယ်။