ကြက်ဥကတော့ အိမ်တွေမှာ အလွယ်တကူ ရှိနိုင်တဲ့ အစားအစာဖြစ်တာကြောင့် ကြက်ဥကို စားသုံးပြီး လွယ်လွယ်ကူကူနဲ့ ဝိတ်ချတဲ့နည်းက တကယ်ကိုအသုံးဝင်မှာပါ။

ကြက်ဥက အာဟာရကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သူတို့မှာ ပရိုတင်းတွေ၊ ခန္တာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် သတ္တုဓာတ်တွေ ပါဝင်ပြီး ဒီဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။

အခုပြောပြမယ့် ကြက်ဥနဲ့ ကိုယ်အလေးချိန် လျော့ချနည်းဟာ တစ်ပတ်အတွင်း ကိုယ်အလေးချန် ၁၂ ပေါင် ကျမှာပါ။ ဒါပေမယ့် ယခု ပြောပြမယ့် နည်းလမ်းကို နေ့စဉ် မပြတ်မကွက် ကျင့်သုံးဖို့တော့ လိုအပ်ပါတယ်။

တနင်္လာနေ့

oranges-865x453milkboiled-poached-chicken-compressed bowl-of-yogurt

မနက်စာ – လိမ္မော်သီး ၂ လုံး၊ ကြက်ဥ ပြုတ် ၂ လုံး၊ အဆီထုတ်ထားသည့် နွားနို့ တစ်ခွက်

နေ့လည်စာ – အရေခွံမပါဘဲ ပြုတ်ထားသည့် ကြက်သား၆.၆ အောင်စ (သို့) ၂၀၀ ဂရမ် နဲ့ ဒိန်ချဉ် တစ်ခွက်

ညစာ – ကြက်ဥပြုတ်တစ်လုံး၊ အရေခွံမပါဘဲ ပြုတ်ထားသည့် ကြက်သား ၅ အောင်စ (သို့) ၁၅၀ ဂရမ် နဲ့ လိမ္မော်သီး တစ်လုံး

အင်္ဂါနေ့

201162316310_grilled-fish Ripe appetizing grapefruit with leaf. Macro isolated over white.boiled-eggsdoes-lemon-juice-really-lighten-your-skin

မနက်စာ – ကြက်ဥ ပြုတ် ၂ လုံး၊ သံပုရားသီး ဖျော်ရည်

နေ့လည်စာ – ငါးကင် ၅အောင်စ သို့ ၁၅၀ ဂရမ် နှင့် ဂရိတ်ဖရု (Grapefruit) တစ်လုံး

ညစာ – ကြက်ဥ အကျက် ၃ လုံး

ဗုဒ္ဓဟူး

3c2db4e7-8a4c-4b03-8547-0f16f1be7a5f
hard-boiled-egg-1red grapefruit isolated on white background

မနက်စာ – ကြက်ဥ အကျက် ၂ လုံး၊ သံပုရာ သီးညစ်ထားသည့် ရေနွေးပူတစ်ခွက်

နေ့လည်စာ- အမဲသားပြုတ် ၆.၆ အောင်စ သို့ ၂၀၀ ဂရမ် နှင့် ဂရိတ်ဖရု (Grapefruit) တစ်လုံး

ညစာ – ကြက်ဥ အကျက် ၃လုံး

ကြာသပတေး

dill-omlitfresh-summer-vegetable-salad-27921_l

မနက်စာ – တရုတ်နံနံပင်၊ ကြက်သွန်နီ၊ နံနံပင် တို့နဲ့ ကြက်ဥ ၃ လုံး မွှေကြော် စားရန်

နေ့လည်စာ – ကြက်သားဟင်း ၅ အောင်စ သို့ ၁၅၀ ဂရမ်နဲ့ ရာသီပေါ် ဟင်းရွက်သုတ် စားသုံးရန်

ညစာ – ကြက်ဥ အကျက် ၁လုံး နှင့် လိမ္မော်သီး ၂လုံး

သောကြာ

homemade_yogurt_recipeHarvesting bunch of fresh washed carrot on the old wooden backgroundsoda2boiled-eggs-in-egg-cups

မနက်စာ – မုန်လာဥနီ ၂လုံး၊ ကြက်ဥ အကျက် ၂လုံး နှင့် ဒိန်ချဉ် (Sour Cream)

နေ့လည်စာ – မုန်လာဥနီ ၂ လုံး နဲ့ (လိမ္မော်သီးကို အရည်ညှစ်ပြီးဖျော်ထားသည့်) လိမ္မော်ရည်

ညစာ – ငါးပြုတ် ၃.၃ အောင်စ သို့ ၁၀၀ ဂရမ် နှင့် ကြက်ဥ ပြုတ် ၁လုံး

စနေ

400-06859676cintro-yogurt-600x450-ts-156989737egg_000001615195_mainLemon juice with fresh lemon and mint in glass on wooden background ** Note: Shallow depth of field

မနက်စာ – အဆီထုတ်ထားသည့် ဒိန်ချဉ် ၅ အောင်စ (သို့ ) ၁၅၀ ဂရမ် နှင့် သံပုရာ ရည်တစ်ခွက်။

နေ့လည်စာ – ကြက်ဥ ပြုတ် ၂ လုံး နဲ့ ဂရိတ်ဖရု (Grapefruit)၂လုံး

ညစာ – ရေဘဲ သောက်သုံးရပါမည်

တနင်္ဂနွေ

grapefruit11 eggx2nzrib_g

မနက်စာ – ကြက်ဥ ပြုတ် ၂လုံး နဲ့ ဂရိတ်ဖရု (Grapefruit) တစ်ခြမ်း

နေ့လည်စာ – အမဲသား ၆.၆ အောင်စ (သို့ ) ၂၀၀ ဂရမ် နှင့် လိမ္မော်သီး တစ်လုံး

ညစာ – ရေဘဲ သောက်သုံးရပါမည်

ကိုယ်အလေးချိန် လျော့ချတဲ့ Diet Plan အစားအစာ အစီအစဉ်ကို စားသုံးနေချိန်အတွင်းမှာ ရေအများကြီး သောက်ဖို့လိုအပ်ပါတယ်။ တစ်ပတ်ပြည့်သွားပေမဲ့ ကိုယ်အရင်စားနေကျ ပုံမှန် အစာစားမှုကို တဖြည်းဖြည်းချင်း ပြောင်းလဲစားသုံးပေးရမှာပါ။ အဲဒီလိုပြုလုပ်နေချိန်မှာ လိမ်မ္မော်သီး၊ ဂရိတ်ဖရု (Grapefruit) နဲ့ ကြက်ဥတို့ကို ဆက်ပြီးစားသုံးဖို့လိုအပ်ပါတယ်။

Credit: healthworldsets