အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ပါဆိုတဲ့ မြန်မာစကားပုံ ရှိပါတယ်နော်။ ဒီနည်းလမ်းလေးက လွယ်ကူလျင်မြန်ပြီး အသုံးဝင်တာမို့ စာဖတ်သူတို့ သဘောကျကြမှာပါ။

ခရမ်းချဉ်သီးကို မြန်မာတို့တွေ ကြိုက်နှစ်သက်စွာ စားသုံးကြပါတယ်နော်။ အသားအရေလှတဲ့အပြင် ကျန်းမာရေအတွက်လည်းကောင်းမွန်လို့ စားပေးသင့်တဲ့အသီးပါ။ သွေးကျတဲ့သူတွေအတွက်လည်း အထူးသင့်တော်တာမို့ အိမ်မှာ အလွယ်တကူစိုက် အလွယ်တကူ ခူးစားလိုက်ရုံပဲပေ့ါ။

  • ခရမ်းချဉ်သီးကို လှီးလိုက်ပါ။ အစေ့မနာအောင်ဂရုစိုက်ပါ။

rotten

  • မြေအိုး (သို့) ပုံးကိုယူပါ။ ပြီးရင် လေဝင်လေထွက်ကောင်းအောင် အပေါက်ဖောက်ပါ။
  • ပြီးရင် မြေဆီလွှာကောင်းတဲ့ မြေကြီးထည့်ပါ။ ဥပမာ သစ်ဆွေး၊မြေဆွေး၊ မီးသွေးမှုန့်တို့ ရောပြီးထည့်ပါ။
  • ပြီးရင် စောစောက လှီးထားတဲ့ ခရမ်းချဉ်သီး အချပ်လိုက် မြေကြီးထဲမှာ ထည့်ပေးပါ။

growing_tomato_slices_2_l3

  • ပြီးရီးဖုံးပေးပါ။ မြေကြီးကို ပြန်ဖုံးရာမှာ အရမ်းကြီး ထူထူမဖုံးပါနဲ့။ အပင်အညှောင့်မထွက်နိုင်ဘဲဖြစ်နေပါမယ်။

222222

တစ်နေ့တစ်ခါ ရေပုံမှန်လောင်းပေးရင် ၂ ပတ်အတွင်း အပင်ပေါက်လာပါလိမ့်မယ်။

အပင်တွေစုနေရင် အနည်းငယ်ပြန်ခွဲပြီး စိုက်ပေးပါ။ အိုးထဲမှာပဲ ဆက်ထားတာဖြစ်ဖြစ် အိမ်နောက်ဖေးမှာ ပြောင်းစိုက်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

growing_tomato_slices_3_l3

အသီးသီးလာရင် ခူးလိုက်ရုံပါပဲနော်။ အဆင်ပြေကြပါစေရှင့်။

Source: thriftyfun.com