တချို့ သူတွေဆိုရင် ကိုယ်အလေးချိန်လည်း မများ၊ ဝလည်းမဝပေယ့် ဗိုက်နားကျတော့ ပူနေတတ်ကြပါတယ်။ ဗိုက်ပူတာကရော ဘယ်လို အကြောင်းအရာတွေ ဆက်စပ်နေလဲဆိုတာကို ဝေမျှချင်ပါတယ်။

ချက်ရဲ့ အပေါ်ပိုင်း ဗိုက်က ပိုပူနေရင်

  • ရုံးမှာ အထိုင်များတဲ့ အလုပ် လုပ်ခြင်း
  • ချိုတဲ့ အစားအစာတွေ ကြိုက်ခြင်း
  • အရက်သေစာ အလွန်အကျွံသောက်သုံးခြင်း

ဂရုစိုက်ရမယ့် အချက်များ

bottles-and-glasses-of-alcoholic-drinks

အရက်ကို လျှော့သောက်ပါ

အရက်တွေ ဝိုင်တွေကို တစ်ပတ် ၃ကြိမ်ကနေ ၄ ကြိမ် အလွန်အကျွံသောက်ရင် ဗိုက်တွေမှာအဆီတွေ တက်လာတတ်ပါတယ်။ ဒါကြောင့် ၂ ပတ်လောက်မသောက်ဘဲနေပါ။ ၂ ပတ်ကျော်မှ သောက်ချင်ရင် တစ်ပတ်ကို ၁ ကြိမ် တစ်ခါသောက်ရင် တစ်ခွက်၊နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။

Fish-meat-and-proteins-500x364

အစားအစာကို ဂရုစိုက်ပါ။

အချိုတွေ သကြားတွေ ကိုလျှော့ပါ။ ကြက်ဥ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အခွံမာအသီးတို့ကို စားပေးပါ။

Female Urban Runner

လေ့ကျင့်ခန်းလုပ်ပါ။

Gym မသွားနိုင်ရင်တောင် လမ်းဝေးဝေးလျှောက်တာနဲ့အတူ Lunges, Squats, Reverse Push-Ups လေ့ကျင့်ခန်းတို့ကို အိမ်မှာ လုပ်ပေးပါ။

lunges

6-13_lunges

Squats

Squats

Revers push-ups 

1093d

ချက်အောက်ပိုင်းက ပိုပူနေရင်

14132360-18367310-2-0-1493025151-1493025158-1600-1-1493025158-650-0c369e17e2-1493214747

  • လေ့ကျင့်ခန်း အလွဲအမှားတွေ လုပ်တာများတာ
  • အစားအသောက်ကြောင့်
  • ခါးရိုးပုံမမှန်တာ

ဂရုစိုက်ရမယ့် အချက်များ

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံတို့ စားပေးပါ။

vegetables

လေ့ကျင့်ခန်း ကို မှန်အောင်ဂရုစိုက်ပါ

Squats ထိုင်တာ ပုံစံမမှန်ဘဲ ခန္ဓာကိုယ်အနောက်ဘက်ခြမ်းကိုဘဲ အာရုံစိုက်တာများရင် ခါးရိုးပုံစံမမှန်ဘဲ ဗိုက်ပိုထွက် လာတတ်ပါတယ်။ အဲ့လိုခံစားနေရရင် တတ်ကျွမ်းတဲ့ ကာယဆရာတစ်ယောက် အကူအညီနဲ့ ပြန်လေ့ကျင့်ပေးပါ။

ဒါမှမဟုတ် Squats မထိုင်တော့ဘဲ Planks လေ့ကျင့်ခန်းလုပ်ပေးပါ။

Squats

exercise-outside-woman-stock-today-150427-tease_72497df9c4ab67a1d1a016b22206a5af-today-inline-large

Planks

Proper-Plank-Form

ရေများများသောက်ပေးပါ

01-Here%u2019s-Why-You-NEED-to-Drink-Water-524154682_fizkes

ရေများများသောက်ပေးရင် အစာခြေရပိုလွယ်တာကြောင့် ဗိုက်ပူတာကိုလည်း သက်သာစေပါတယ်။