ဆီးချိုဆိုတာ ကမ္ဘာနဲ့ အဝှမ်းမှာ အဓိကအဖြစ်များကြတဲ့ ရောဂါတစ်ခုဖြစ်သလို ကမ္ဘာမှာလည်း အဓိကအဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဆီးချိုရောဂါ ၃ မျိုးရှိပါတယ်။

2016-11-30-11-23-23

၁။ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်ရွယ်တဲ့သူတွေမှာ ဖြစ်ပါတယ်။

၂။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ လူတွေ အများဆုံးဖြစ်တယ်။

၃။ Gestational Diabetes ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်ပါတယ်။

နံပါတ် ၃ အမျိုးအစားကတော့ ကလေးမွေးပြီးရင် ပျောက်သွားတတ်ပေမဲ့ နံပါတ် ၁ နဲ့ ၂ ကတော့ မပျောက်ပါဘူး။ ဒါပေမဲ့ ဆီးချိုပမာဏကို ထိန်းပြီး သက်တမ်းစေ့ နေထိုင်သွားနိုင်ပါတယ်။

နနွင်း

turmeric-curcumin-prediabetes-diabetes

နနွင်းက သွေးတွင်း သကြားဓါတ်ပါဝင်မှုကို ထိန်းချုပ်ပေးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ နနွင်းမှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ၊ Antioxidant ဓါတ်တွေပါဝင်ပြီး နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးသလို ကိုယ်အလေးချိန်လည်းကျစေပါတယ်။

DSC_1349

ဒါ့အကြောင့် ဆီးချိုရှိသူတွေအတွက် သွေးတွင်း သကြားဓါတ်ပါဝင်မှုကို ထိန်းထားနိုင်ပြီး ဆီးချိုနဲ့ ပတ်သတ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို လျှော့ချပေးပါတယ်။

၂၀၁၄ ခုနှစ် ထုတ်ပြန်ချက်အရ နနွင်းဟာ ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေကို ထိန်းချုပ်ပေးပါတယ်။

Vegetable curry - Indian takeaway at a London's market

ကိုယ်ချက်ပြုတ်စားသောက်တဲ့ အစားအစာမှာ နနွင်း မှုန့်ကို နည်းနည်းထည့်ပြီး ချက်ပြုတ်ပေးပါ။

နနွင်း ၁ ဇွန်း

turmeric_625x350_71450855091

What-Happens-to-Your-Body-When-You-Eat-A-Teaspoon-of-Turmeric-Every-Day

နနွင်းကို တစ်နေ့ တစ်ဇွန်းသောက်ပေးတာဟာ သွေးတိုးကျစေပါတယ်။ ဒါ့အပြင် ဆီးချိုအတွက်လည်းကောင်းပါတယ်။ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေပြီး ဦးနှောက်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

နနွင်းကို တစ်နေ့ ၁ ဇွန်းလောက် ဖြည့်စွက်စားပေးပါ။ မစားခင်မှာတော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။