ငယ်စဉ်က ထမင်းပွဲလေး ပြင်ဆင်ပြီးလျှင် ထမင်းပွဲလေး ထိုင်လိုက်တာနဲ့ ပထမဆုံး ကြည့်မိတာက ငရုတ်သီးပါလား ၊ အချဉ်ပါလား ဆိုတာပါဘဲ ။  အိမ်က အမေကတော့ ထမင်းမြိန်စေတဲ့ ငရုတ်သီးဆားထောင်းကို လုပ်ပြီး ဗူးလေးထဲ ထည့်ထားပေးလေ့ ရှိပါတယ် ။  ငပိရည် ပြတ်သွားရင် ရုံးသမား ၊  ကျောင်းသမား သားသမီးတွေရဲ့ ထမင်းဘူးကို  ငရုတ်သီး ဆားထောင်းနဲ့ အတို့အမြုပ်လေးတွေနဲ့ ထည့်ပေးလေ့ ရှိပါတယ် ။   ယာထဲ ဆင်းမဲ့ သားတွေနဲ့ အဘကိုလည်း ဆနွင်းဝါဝါနဲ့ ထမင်းကြော်လေး နဲ့ ငရုတ်သီးဆားထောင်း တွဲစားဘို့ကိုလည်း အမြဲတမ်း အစဉ်သင့် လုပ်ထားပေးတယ် ။

ငရုတ်သီး ဆားထောင်းက မြန်မာဟင်း တော်တော်များများနဲ့ တွဲစားလို့ လိုက်ပါတယ် ။  ချဉ်ရည်ဟင်းလေးနဲ့ဘဲ တွဲစားမလား ၊ ပဲနီးလေးဟင်းနဲ့ဘဲ တွဲစားမလား ၊ ကစွန်းရွက်ကြော်နဲ့ဘဲ တွဲစားမလား စားလို့ ကောင်းတာပါဘဲ ။  အိမ်က မိသားစုကလည်း ကိုယ်တို့ ငယ်စဉ်ကအတိုင်း ကြိုက်နှစ်သက်လို့ ထောင်းပြီး အမြဲတမ်း ဘူးလေးနဲ့ ထည့်ထားတဲ့ အရေးပေါ် အရံဟင်း တခွက်ပေါ့ ။   ငရုတ်သီး ဆားထောင်းလေး လုပ်ကြည့်လိုက်ကြ ရအောင်နော် ။

ပါဝင်ပစ္စည်းများ

တောငရုတ်သီးဆားထောင်း၁.MFM

  • ငရုတ်သီးခြေက် အနီတောင့်
  • ကြက်သွန်ဖြူ အလုံးသေး
  • ဆား
  • အချိုမှုန့် အနည်းငယ်
  • ပဲဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. ငရုတ်သီးခြောက် အနီတောင့်များကို ရေဆေး ၊ ရေစစ်ပြီး ခြောက်အောင် ပိတ်စတခုနှင့် သုပ်ပါ ။ ခြောက်သွားလျှင် မီးအေးအေးနှင့် လှော်ပေးပါ။
  2. ကြက်သွန်ဖြူ အလုံးသေးများကို အခွံစင်အောင် မနွှာဘဲ အပေါ်ယံ အခွံလေးများ နွှာပြီး ရေဆေးပါ ။
  3. ငရုပ်ဆုံထဲတွင် ရေဆေးထားသော ကြက်သွန်ဖြူကို ထည့်ထောင်း  (ညက်နေအောင် ထောင်စရာမလို) ၊ လှော်ထားသော ငရုတ်သီးထည့်ထောင်းပြီး  ဆား ၊ အချိုမှုန့်အနည်းငယ် ထည့်ထောင်းပြီးလျှင် ဆီလေးပါလေကာ ဆန်းပြီး စားလို့ ရပါပြီ ။

MyFood Myanmar