သံပုယိုသီးဟာ သင်းပျံ့တဲ့ ရနံ့လေးရှိရုံသာမက ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့အပြင် အိုမင်းရင့်ရော်မှုကို တားဆီးနိုင်တဲ့ ဓါတ်တွေပါဝင်တဲ့အပြင် သူ့ရဲ့ အသုံးဝင်မှုကလည်း များပြားလွန်းလှပါတယ်။

သံပုယိုသီးကို အစားအသောက်မှာသာမက တစ်ခြားနေရာတွေမှာပါ အသုံးပြုလို့ရပါတယ်။ သံပုယိုသီးရဲ့ အသုံးဝင်ပုံတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ ပုရွက်ဆိတ်တွေကို ရှင်းလင်းမယ်။

သံပုယိုသီးအရည်ကို ဘေစင်နားက ပုရွက်ဆိတ်တက်တဲ့နေရာမှာ ဖျန်းပေးထားပါ။

၂။ Air Freshener

96ff34c60a37fca6a27eb99acd8176e0_are-air-fresheners-bad_580x326_featuredimage

သံပုယိုသီးအရည်နဲ့ ရေကို ဆတူရောစပ်ပြီး Air Freshener ဘူးထဲထည့်ပေးပြီး ဖြန်းပေးရင် အိမ်တွင်းမှာ မွှေးပျံ့ပြီး လန်းဆန်းတဲ့ ရနံ့မျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

၃။ စည်းပိုင်း ၊ ဘေစင်ကို ဆေးမယ်။

Hands cleaning bathtub

ရေနဲ့ သံပုယိုသီးအရည်ကို ဆတူရောပြီး ရေချိုးခန်းထဲက စည်းပိုင်း ၊ ဘေစင်မှာ စွန်းထင်းနေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

၄။ ဘက်တီးရီးယားပိုးသတ်ဆေး

lemon-940x627

သံပုယိုသီးအရည်အနည်းငယ်ကို ရှလကာရည်ရောပြီး ပိုးသတ်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။

၅။ မိုက်ခရိုဝေ့ဖ် (Microwave)

ခွက်တစ်လုံးထဲကို ရေနဲ့ သံပုယိုသီးကို မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး စက္ကန့် ၃၀ ကနေ ၆၀ ထိ အပူပေးပါ။ အဲဒီနောက် မိုက်ခရိုဝေ့ဖ်ထဲက အစွန်းအထင်းတွေကို သန့်စင်အောင် အဝတ်နဲ့ သုတ်ပေးပါ။ အရင်က အစွန်းအထင်းတွေကို ဖယ်ရှားဖို့ခက်ပေမဲ့ အခုလို လုပ်ပေးလိုက်ရင် သန့်စင်ဖို့ လွယ်ကူသွားပြီး အနံ့အသက်လည်း ကောင်းမွန်စေမှာပါ။

၆။ ရေခဲသေတ္တာ

removes-fridge-odor

ရေခဲသေတ္တာထဲမှာ သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီး ထည့်ထားပေးရင် ရေခဲသေတ္တာထဲက အနံ့ဆိုးတွေကို သန့်စင်ပေးပါလိမ့်မယ်။

၇။ ကြေးနီ၊ကြေးဝါ၊ သံဇကာ တွေကို သန့်စင်မယ်။

copper-cleaning-with-lemon

သံပုယိုသီးအရည်ကို သောက်တဲ့ ဆိုဒါနဲ့ ရောပေးပါ။ အဲဒီနောက် လက်သုတ်ပုဝါကို နစ်ပေးပြီး ညစ်ပေနေတဲ့ ဇကာပေါက်တွေ ၊ ကြေးနီ၊ ကြေးဝါတွေကို သန့်စင်ပေးပါ။ အဲဒီနောက် စက္ကူနဲ့ ခြောက်အောင်သုတ်ပေးပါ။

၈။ ရေချိုးခန်း

sink-wideuses-for-borax-1

သံပုယိုရည် ခွက်တစ်လုံးထဲကို Borax (ဘိုးရစ်အက်စစ်ဒြပ်ပေါင်း)ကို ခွက်တစ်ဝက်လောက်ရောပြီး သန့်စင်ခန်း ၊ ရေချိုးခန်းတွေကို သန့်စင်ပေးပါ။ အနံ့ဆိုးတွေကို သန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။

၉။ လက်ပေါ်က အနံ့ဆိုးတွေကို ဖယ်ရှားမယ်။

201908-675x450-lemon-juice

ကြက်သွန်နီကိုင်ထားတာ ဒါမှမဟုတ် ငါး စတဲ့ ညှီနံ့စွဲတဲ့ အစားအစာကို ကိုင်မိထားရင် သံပုယိုသီးနဲ့ ဆေးကြောပေးနိုင်ပါတယ်။ သံပုယိုသီးနဲ့ ဆေးကြောပေးတာဟာ ညှီနံ့ကို ပျောက်ကင်းစေသလို အသားအရေကိုလည်း ထိခိုက်မှုမရှိပါဘူး။

၁၀။ ပန်းကန်းဆေးမယ်။

b4789884704b3949cb9c04e63c90bc82

ပန်းကန်မှာပေးကျံနေတဲ့ အဆီတွေကိုဖယ်ရှားဖို့ ပန်းကန်ဆေးဆပ်ပြာထဲမှာ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက်ထည့်ပြီး ဆေးကြောပေးနိုင်ပါတယ်။

၁၁။ အရေပြား ယားယံခြင်း

200253691-001_xs

သံပုယိုရည် အနည်းငယ်ကို ညစ်ပြီး အရေပြား ယားယံတာတွေအတွက် အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အရည်ပြားမှာ အနည်းငယ်ရှမိလို့ သွေးထွက်တာတွေအတွက် သွေးရပ်သွားအောင် သံပုယိုသီးအနည်းငယ်ညှစ်ပေးပြီး လိမ်းပေးနိုင်ပါတယ်။