အားလုံးပဲ မင်္ဂလာပါ။ အာဟာရပြည့်ဝဖို့အတွက် စားသုံးပေးတဲ့ ကြက်ဥမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့လစ်၊ Selenium၊ ပိုတက်ဆီယမ်နှင့် ဖော့စ်ဖောရပ်စ်တို့လည်း ပြည့်ဝနေပါတယ်။ ထိုအာဟာရဓာတ်တွေဟာ အသားအရေကို ညီညာချောမွတ် စေပြီး အရေပြားဆိုင်ရာ ပြဿနာတွေအတွက် အထူးကောင်းမွန်တဲ့ သဘာဝမီးဖိုချောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

၁။ အပူလောင်ခြင်းအတွက်

အပူလောင်တဲ့ နေရာတစ်ဝိုက်က အပူတွေကို ကြက်ဥအကာက ဖယ်ထုတ်ပစ်ပြီး အာဟာရဓာတ်တွေက အသားအရေကို မြန်မြန်ဆန်ဆန်နဲ့ အနာကျက်သက်သာစေပါတယ်။

အပူလောင်ပြီဆိုတာနဲ့ ရေအေးမြန်မြန်ဆေးပစ်ကာ ကြက်ဥအကာကို အောက်ဖော်ပြပါ နည်းလမ်းအတိုင်း သုတ်လိမ်းပေးပါ။

ဂွမ်းစလေးကို ကြက်ဥအကာထဲနှစ်လိုက်ကာ အပူလောင်တဲ့နေရာမှာ ဖြည်းဖြည်းချင်း ပုတ်ပေးပါ။ လုံးဝခြောက်သွားအောင် ထားပေးပြီး နောက်ထပ်တစ်ကြိမ်ပြီးတစ်ကြိမ်သုတ်ပေးပါ။ အပူလောင်တာ သက်သာသွားပြီဆိုတာနဲ့ ကြက်ဥအကာတွေကို ရေနဲ့ဆေးပစ်လိုက်ပါ။

အပူလောင်တာ လုံးဝသက်သာသွားပြီဆိုတဲ့အထိ ၂ ရက်မှ ၃ ရက်အထိ ဆက်တိုက်သုတ်လိမ်းပါ။

၂။ အဖျားကျစေခြင်း

ကြက်ဥအကာကို ခြေထောက်နှစ်ဖက်ရဲ့ ဖနောင့်တွေမှာ သုတ်လိမ်းပေးပါ။ ကြက်ဥအကာတွေခြောက်သွားရင် နောက်တစ်ထပ် ထပ်ပြီးလိမ်းပါ။

ကိုယ်အပူချိန်ပုံမှန်ဖြစ်သွားတဲ့အထိ ဆက်တိုက်သုတ်လိမ်းပေးပါ။ အချိန်ကတော့ မိနစ် ၂၀ မှ ၃၀ လောက်အထိ ကြာနိုင်ပါတယ်။

၃။ အကြောပြတ်ရာများကို သက်သာစေခြင်း

အကြောပြတ်တဲ့နေရာများကို သေချာသန့်ရှင်းရေးလုပ်ပြီး Brush တစ်ချောင်းယူကာ ထိုနေရာပေါ်မှာ ထူထူလေးသုတ်လိမ်းပါ။ ခြောက်အောင်ထားလိုက်ပြီး ရေအေးနဲ့ဆေးကြောပါ။

ရေဆေးပြီးသွားရင် အသားအရေကိုခြောက်အောင်သုတ်လိုက်ပြီး သံလွင်ဆီလိမ်းပေးပါ။ တစ်နေ့လျှင် ၃ ကြိမ် ရက်သတ္တပတ်အနည်းငယ်လောက်အထိ မှန်မှန်လိမ်းပေးမယ်ဆိုပါက သိသာတဲ့ရလဒ်တွေကို မြင်တွေ့ရမှာပါ။

၄။ ချွေးပေါက်ကျယ်တာသက်သာစေခြင်း

လိုအပ်သောပစ္စည်းများ

  • ကြက်ဥအကာ – ၂ လုံး
  • သံပုယိုရည် – အနည်းငယ်

– ကြက်ဥအကာနှစ်လုံးကို သံပုယိုရည်နည်းနည်းညှစ်ကာ သေသေချာချာမွှေပေးပါ။

– မိတ်ကပ် Bursh ကိုသုံးပြီး မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပေးပါ။ မျက်လုံးတစ်ဝိုက်ကိုတော့ ရှောင်ရှားပါ။

– ခြောက်သွားတဲ့အထိ ၁၀ မိနစ်လောက်စောင့်ကာ ရေနဲ့ဆေးချပြီး ခြောက်အောင်သုတ်ပါ။

– ချွေးပေါက်ကျယ်တာတွေ သက်သာသွားတဲ့အထိ ရက်သတ္တပတ်အနည်းငယ်လောက် ၂ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်ပေးပါ။

၅။ အဆီပြန်သောအသားအရေအတွက်

လိုအပ်သောပစ္စည်းများ

  • ကြက်ဥအကာ – ၁ လုံး
  • အုတ်ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ – စားပွဲတင်ဇွန်း ၁ ဇွန်း

– ကြက်ဥအကာ၊ အုတ်ဂျုံမှုန့်၊ သံပုယိုရည်၊ ရေ တို့ကို ပန်းကန်လုံးတစ်ခုထဲထည့်ကာ သေသေချာချာမွှေပေးပါ။

– မျက်နှာကို သေချာပြောင်စင်အောင်သစ်ပေးပြီး ခြောက်အောင်သုတ်ပါ။ Brush တစ်ခုကိုသုံးပြီး မျက်လုံးတစ်ဝိုက်မှလွဲ၍ မျက်နှာပြင်တစ်ခုလုံးမှာ ညီညာစွာသုတ်လိမ်းပါ။

– ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပြီးနောက် ရေနဲ့ဆေးလိုက်ပါ။

– တစ်ပတ်လျှင် နှစ်ကြိမ် မှန်မှန်ပြုလုပ်ပေးသွားမယ်ဆိုပါက အဆီကင်းဝေးပြီး ကျန်းမာလှပတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Credit: Fabhow.com