မိုးရာသီမှာ နောက်ထပ် ပေါများတဲ့ အစားအစာတစ်ခုကတော့ မှိုတွေပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ လူစားများတဲ့ မှိုတွေကတော့ ကောက်ရိုးမှို၊ တောင်ပို့မှို၊ ဖက်စွတ်မှို၊ မြမှို၊ အပ်မှို၊ နားရွက်မှိုနဲ့ တခြားဒေသအလိုက် စားလို့ရတဲ့ မှိုတွေ ဖြစ်ပါတယ်။ မှိုတွေက အဆိပ်အတောက် ရှိတတ်တာမို့ မှိုချက်ရင် ကန်စွန်းရွက်လေး ရောချက်ရလေ့ရှိပါတယ်။ စားနေကျ မှိုတွေပဲ စားတာကတော့ အကောင်းဆုံးပါ။ မှိုစိတ်ပေါင်းဟာ သန်းနဲ့ချီပြီးတော့ ရှိပါတယ်။ ရှေးခေတ် အီဂျစ်တွေဟာ ဆိုရင် မှိုတွေကို မသေဆေးလို့ ယုံကြည်ခဲ့ကြပြီး တော်ဝင်အပင်လို့ သတ်မှတ်ခဲ့ကြပါတယ်။

မှိုတွေမှာ ကယ်လိုရီ ၂၀%ပါဝင်ပြီး အဆီဓာတ် လုံး၀ ပါဝင်ခြင်း မရှိပါဘူး။ ဗီတာမင်ဘီ၊ ဆယ်လီနီယမ်၊ ပိုတက်ဆီယမ်နဲ့ ကော့ပါး ဓာတ်တွေ ပါဝင်ပါတယ်။ ပညာရှင်တစ်ချို့ရဲ့ အယူအရ မှိုရဲ့ အရသာဟာ အချို၊ အချဉ်၊ အငန်၊ အခါးနဲ့ ၅မျိုးမြောက် အရသာလည်း ရှိသေးတယ်လို့ ပြောကြပါတယ်။ သဘာ၀ မှိုတွေထက် အစားအများဆုံး မှိုကတော့ ၁၂ရာသီပတ်လုံး စိုက်ပျိုးကြတဲ့ ကောက်ရိုးမှိုတွေပါပဲ။

မှိုတွေကို တက်စာတွေ အဖြစ် လူသိထားကြပြီး အဆိပ်ပြေစေဖို့ ကန်စွန်းရွက်၊ ငရုတ်သီးတို့နဲ့ ချက်လေ့ ရှိပါတယ်။ လေ့လာတွေ့ရှိချက်တွေ အရ မှိုတွေကို မစားမှီ နေရောင်နဲ့ ထိတွေ့ပြီးမှ စားသုံးခြင်းဟာ ပိုပြီး ဗီတာမင် ပြည့်ဝတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ မှိုကို ဟင်းအဖြစ် ချက်စားခြင်းမှာ ဆီးချိုသမားတွေ အတွက် အာဟာရတွေ ပေးတယ်လို့ ဇီဝသိပ္ပံ သုတေသီ တစ်ဦးက တွေ့ရှိထားပါတယ်။

မှိုမှာ သကြားဓာတ် မဆိုသလောက် နည်းပါးစွာ ပါဝင်နေပေမယ့် ဘေးထွက်ဆိုးကျိုါ် မဖြစ်စေနိုင်ဘူးလို့ ပြောထားပါတယ်။ အဝလွန်ဆီးချိုသမားတွေ စားသုံးသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မှိုဟာ ကိုယ်ခံအားပို မြင့်တက်စေနိုင်ပြီး Antioxidants တွေလည်း ပါဝင်ပါသေးတယ်။ မှိုမှာ ပါဝင်တဲ့ Antioxidants ဟာ ငရုတ်သီးမှာ ပါဝင်တဲ့ ပမာဏနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Credit: besthealthmag