ငှက်ပျောဖူးကို စားမယ်ဆိုရင် အတွင်းသားနုတဲ့အပိုင်းကိုပဲစားရမှာဖြစ်ပါတယ်။ ငှက်ပျောဖူးက ပန်းပွင့်ကိုပဲမဟုတ်ဘဲ အထဲက နုတဲ့ အသားတွေကိုပါစားလို့ရပါတယ်။ အဲဒီနုတဲ့အသားကို တောက်တောက်စဉ်းပေးလိုက်ပါ။

Banana Flower Stir Fry

ပါဝင်ပစ္စည်း

  • သန့်ရှင်းပြီး တောက်တောက်စဉ်းထားတဲ့ ငှက်ပျောဖူး ၁ ဖူး
  • သံပုရာသီး အရည်ညှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရရုတ်ကောင်း လက်ဖက်ရည်ဇွန်း ဇွန်း
  • ကြက်သွန်နီ လှီးပြီးသား စားပွဲတင်ဇွန်း ၂ ဇွန်း

DSC_0465သ

  • ကြက်သန်ဖြူ ၁ ဆိတ်
  • မတ်ပဲ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကုလားပဲ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁/၄
  • ငရုတ်သီးအနီအခြောက် ကြော် ၂ လုံး

  • အုန်းသီး ခြစ်ပြီးသား စားပွဲတင်ဇွန်း ၃ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၄
  • ပျည်းတော်သိမ်ရွက် (Curry Leaves) အနည်းငယ်
  • ဆား

ပြုလုပ်နည်း

Banana Flower's HeartYoung Bananas and the Heart sliced

၁။ တောက်တောက်စဉ်းထားတဲ့ ငှက်ပျောဖူးတွေကို ရေအနည်းငယ် နနွင်းမှုန့်အနည်းငယ်နဲ့ အိုးတစ်လုံးထဲထည့်ပြီး ဆူအောင်သည်ထားပါ။ ဆူလာပြီဆိုရင် အပူလျှော့ပြီး ၃ မိနစ်လောက်ထားပါ။ ပြီးရင် ရေဆစ်လိုက်ပါ။

၂။ အဲဒီနောက် ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ငရုတ်ကောင်းကိုထည့်ပြီး မွှေပေးပါ။ အက်လာ တဲ့ထိထားပါ။

၃။ မတ်ပဲကိုထည့်ပြီး နီညိုရောင်လိုပြောင်းသွားမှာဖြစ်ပါတယ်။

၄။ ကုလားပဲထည့်ပြီး ၁ မိနစ်လောက် ထပ်မွှေပေးပါ။

၅။ ပြီးရင် ကြက်သာမှုန့်နဲ့ ပျဉ်းတော်သိမ်ရွက်ကိုထည့်ပြီး စက္ကန့် ၃၀ လောက် ထပ်ချက်ပေးပါ။

၆။ ပြီးရင် ကြက်သွန်နီ ကိုထည့်ပြီး နွမ်းသွားတဲ့ထိ ထပ်ကြော်ပေးပါ။

၇။ ကြက်သွန်ဖြူနဲ့ စောစောက ရေဆစ်ထားတဲ့ ငှက်ပျောဖူးရယ် ဆားကိုထည့်ပြီး အပူချိန်အနည်းငယ်နဲ့ မိနစ်အနည်းငယ်ထပ်သည်ထားပါ။တခြား ဟင်းခတ်မှုန့်တွေလည်း ထည့်လို့ရပါတယ်။ မိမိကြိုက်နှစ်သက်ရာကိုထည့်နိုင်ပါတယ်။ ရေတွေခမ်းပြီး ဆီထွက်လာပြီဆိုရင်။ ခြစ်ထားတဲ့ အုန်းဆီးထည့်ပြီး ၂ မိနစ် ၃ မိနစ်လောက်ထပ်ချက်ပေးပါ။

Palaharam_banana flower thoran-61

ပြီးရင် သံပုယာရည်နဲ့ ငရုတ်သီးကြော်ကို ထည့်ပြီး အရသာရှိတဲ့ ငှက်ပျောဖူးကြော်ကိုစားသုံးနိုင်ပါပြီ။