အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်တို့ရေ…မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက ဘယ်နိုင်ငံရဲ့အစားအစာတွေကို အကြိုက်ဆုံးလဲရှင့်။

စာရေးသူကတော့ ထိုင်းအစားအစာတွေကို အကြိုက်ဆုံးပါပဲ။ စာဖတ်သူနည်းတူ ထိုင်းအစားအစာတွေကို ကြိုက်တဲ့ စာဖတ်ချစ်ပရိတ်သတ်များအတွက် ထိုင်းဟင်းချိုချက်နည်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ – တစ်ခြမ်း
  • ငရုတ်ပွအနီ – တစ်ခြမ်း
  • မှို (ခြမ်းပြီးသား) – ၃ စိတ်
  • ကြက်သွန်ဖြူ (နုပ်နုပ်စဉ်းပြီး) – ၂ မြွှာ
  • ဂျင်း (အခွံခွာ၊ နုပ်နုပ်စဉ်းပြီး) – တစ်ဝက်

  • ငရုတ်သီး (နုပ်နုပ်စဉ်းပြီး) – တစ်ဝက်
  • ရေ – ၅၀၀ မီလီလီတာ
  • အုန်းနို့ – ၄၀၀ မီလီလီတာ
  • သကြားညို – စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲပြား (အတုံးလေးတွေလှီးပြီး) – ၂၇၅ ဂရမ်
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုရာသီး (အရည်ညှစ်ပြီး) – ၁ ခြမ်း
  • တရုတ်နံနံ (နုပ်နုပ်စဉ်းပြီး) – လက်တစ်ဆုပ်

ပြင်ဆင်ချက်ပြုတ်ပုံ

၁။ ကြက်သွန်နီ၊ ငရုတ်ပွ၊ မှို၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်သီးတို့ကို ရေ၊ အုန်းနို့၊ သကြားတို့နှင့်ရောစပ်ကာ အိုးကြီးကြီးတစ်လုံးထဲကို ထည့်လိုက်ပါ။

၂။ အားလုံးကို ရောစပ်ကာ ပွက်လာတဲ့အထိ မီးအနေတော်မှာ ၅ မိနစ်ခန့်တည်ပေးပါ။

၃။ ပွက်လာတဲ့အခါ ပဲပြားတုံးလေးတွေထည့်လိုက်ပြီး နောက်ထပ်ငါးမိနစ်ထပ်တည်ပေးပါ။

၄။ ငါးမိနစ်ပြည့်ရင် အိုးကိုမီးဖိုပေါ်ကချလိုက်ပြီး ပဲငံပြာရည်၊ သံပုရာရည်နှင့် တရုတ်နံနံတို့ကိုထည့်လိုက်ပါ။ ထည့်ပြီးရင်သေချာမွှေကာ စားသုံးနိုင်ပါပြီ။

Source: simpleveganblog.com